ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး ယနေ့ ရုံးချိန်း ပြန်လည်တက်ရောက်

0
490

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး ယနေ့ ရုံးချိန်း ပြန်လည်တက်ရောက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးကောင်းမွန်စွာဖြင့် ယနေမတ်လ ၃၁ ရက်တွင် ရုံးချိန် ပြန်လည် တက်ရောက်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူရှေ့နေအသိုင်းအဝိုင်းများထံက သိရသည်။

ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်လျိုဝှက်အက်ပုဒ်မ ၃(၁)(ဂ) အမှု အတွက် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိ မြိုနယ်အထူးသီးသန့် တရားရုံးတွင် စစ်ဆေးကြားနာခဲ့ပြီး၊ အဆိုပါ အမှု အတွက် တစ်ပေါင်းတည်းစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်၊ စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင် တိုကို ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧပြီ ၁ ရက် (မနက်ဖြန်) တွင် ရွေကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၁၃၀(က) အမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲရုံးဝန်ကြီးဋ္ဌာန ၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတိုကို ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ တစ်ခု အပါအဝင် အမှု ငါးမှု အတွက် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံထားရပြီး ၊ ယနေ့စစ်ဆေးခဲ့သောအမှုအပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားဆက်လက်ရင်ဆိုင်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here