ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

0
422

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက် လက်ရှိရင်ဆိုင်နေရသော ပုဒ်မ ၅၀၅ (က) အမှုအတွက် ယနေ့ မတ်လ ၃၁ ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ယင်း၏ရှေ့နေက ပြောသည်။

“ထောင် ၂ နှစ် ချလိုက်ပြီ။ဟုတ်ပါတယ်။ပုဒ်မ ၅၀၅(က) အတွက်ပါ။သူ ကျန်းမာပါတယ်”ဟု ယင်းက ပြောသည်။

ချယ်ရီထက်သည် လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရပြီး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ရာ ၎င်းက မိမိအနေဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက် တရားခွင်၌ ပြောဆိုခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သော၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာ နှင့် ချယ်ရီထက်တို့ တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ၎င်းကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here