ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မဆုရည်လင်း (ခ) လင်းလင်း တို့အလုပ်နှင့် ထောင်ဒဏ်(၃)နှစ်စီချမှတ်ခံရ

0
244

ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မဆုရည်လင်း (ခ) လင်းလင်း တို့အလုပ်နှင့် ထောင်ဒဏ်(၃)နှစ်စီချမှတ်ခံရ

 

 

အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ မဆုရည်လင်း (ခ) လင်းလင်း တို့အား ယနေ့ မတ်လ (၃၁)ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ် စီချမှတ်ခဲ့သည်ဟုသိရသည်။

ကိုဇော်လင်းထွဋ် နှင့် မဆုရည်လင်းတို့ သည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေတွင်သပိတ်ဆန္ဒပြပွဲတစ်ခုသို့အသွား လမ်းခရီးတွင် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌနှင့် အလွတ်တမ်းသတင်းထောက်တို့ကို သက်ဆိုင်ရာက ၅၀၅(က)ဖြင့် ပုဒ်မတပ်တရားစွဲခဲ့သည်ဟုသိရသည်။

ကိုဇော်လင်းထွဋ်သည် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက် ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းခရီးတွင် ဖမ်းဆီးခြင်း ကိုခံခဲ့ရသည်ဟု University Students’ Unions Alumni Forceက ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here