မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအလုံအလောက်ရှိပြီး အပြည့်အဝအသုံးချစိုက်ပျိုးရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
200

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေအလုံအလောက်ရှိပြီး အပြည့်အဝအသုံးချစိုက်ပျိုးရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအား မတ် ၃၀ ရက်က နေပြည်တော်၌ကျင်းပရာတွင် နစက ဥက္ကဋ္ဌကမိန့်ခွန်းပြောကြားရာတွင် စားသုံးဆီနှင့်စက်သုံးဆီဖူလုံရေးနှင့်ပတ်သက်၍ ထည့်သွင်းမှာ ကြားခဲ့ခြင်းဖြစ်သည်။

စားဆီနှင့်ပတ်သက်၍ တစ်ဦးချင်းဆီစားသုံးမှုနှုန်းလျှော့ချရေးအား ဦးတည်ပြောကြားခဲ့ပြီးဖြစ်ကာ ကျန်းမာရေးအတွက်တစ်ရက်လျှင် လူတစ်ဦးချင်း ဆီစားသုံးရန်လိုအပ်မှုမှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“အဲဒီနှုန်းနဲ့ တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကိုခန့်မှန်းတွက်ချက်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ဆီထွက်ရှိမှုနဲ့လုံလောက်မှုမရှိပါဘူး မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဆီစားသုံးမှုဟာ မြင့်မားလျက်ရှိတာကိုတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ဆီစားသုံးမှုအား လျှော့ချရန်လိုအပ်ကာ တစ်ဖက်တွင်လည်း စားသုံးဆီထုတ်လုပ်မှုတိုးတက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ဝန် ကြီးချုပ်များမှ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုအပ်သည်ဟု မှာကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေအလုံအလောက်ရှိပြီး အဲဒီစိုက်ပျိုးမြေတွေကို အပြည့်အဝအသုံးချစိုက် ပျိုးဖို့လိုပါတယ် စိုက်ဧကတွေအားလုံးမှာ သီးထပ်စိုက်ပျိုးရေးတွေနဲ့ စိုက်ပျိုးရင် အထွက်နှုန်း ပိုမိုတိုးတက်လာမှာဖြစ်ပါတယ် အဲ့လိုသီးထပ်စိုက် ပျိုးရင် နွေရာသီကာလမှာ စိုက်ပျိုးရေးအတွက် ရေရရှိရေးနည်းပညာအသုံးပြုပြီး ရေတင်စိုက် ပျိုးခြင်းတွေကို ဆောင်ရွက်နိုင်ရင် ပိုပြီးအကျိုး ဖြစ်ထွန်းမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာ ကြားခဲ့သည်။

ထို့ပြင် ဆီအုန်းစိုက်ပျိုးမှုများအား စစ်ဆေးခဲ့ရာ အချို့စိုက်ပျိုးရေးမြေနေရာများတွင် အမှန်တ ကယ်စိုက်ပျိုးထားမှုမရှိသည်ကိုတွေ့ရှိရသဖြင့် စီ မံခန့်ခွဲမှုများတွင်လိုအပ်ချက်များရှိသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here