နိုင်ငံ့ဝန်ထမ်းများ ဆက်လက်ချီးမြှောက်ရန် အ ငြိမ်းစားယူရမည့်အသက်အား ၆၂ နှစ်ဟုသတ်မှတ်

0
164

နိုင်ငံ့ဝန်ထမ်းများ ဆက်လက်ချီးမြှောက်ရန် အ ငြိမ်းစားယူရမည့်အသက်အား ၆၂ နှစ်ဟုသတ် မှတ်

နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူရမည့်အသက်အား ၆၂ နှစ်ဟုသတ်မှတ်ကြောင်း မတ် ၃၁ ရက် (ယနေ့)တွင် နစက ၏ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အား ထိမ်းသိမ်းရန်၊လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ် ငန်းအတွေ့အကြုံနှင့်ကျွမ်းကျင်မှုတို့အရ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အ ထောက်အကူပြုစေရန်၊လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်မှ ဆက်လက်ချီးမြှောက်ရန်အတွက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ နစက ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၇၆၊ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သ ဘောတူညီချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ-၂၃၀ ဖြင့် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်အား ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအရ သိရသည်။

စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here