တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး သဘောတူညီချက်ရရှိခဲ့

0
98

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး သဘောတူညီချက်ရရှိခဲ့

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအတွက် မတ် ၃၀ ရက်ကပြုလုပ်သည့် နှစ်နိုင်ငံ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ၏ ဒုတိယအကြိမ်အစည်းအဝေး၌ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ နှစ်ဦးနှစ်ဖက်ဂရုပြုသည့် နယ် စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊စိုက်ပျိုးရေးထုတ်ကုန်များစစ်ဆေးရေး၊အစားထိုးစိုက်ပျိုးမှုနှင့်တရုတ်နိုင်ငံသို့တင်ပို့ရေး၊ကုန်သွယ်ရေးနှင့်စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ တရုတ်-မြန်မာကုန်သွယ်ရေးတွင် ကိုဗစ်(၁၉)ရောဂါကြောင့်အကျိုးသက်ရောက်မှုအား ကျော်ဖြတ်၍ အောင်မြင်မှုများရရှိခဲ့သည်တို့ကိုလည်း အသိအမှတ်ပြုခဲ့ကြပြီး ထပ်မံပြုလုပ်မည့် လုပ်ငန်းလားရာများကိုလည်းအတည်ပြုခဲ့ကြသည်။

အလားတူ တရုတ်-မြန်မာနှစ်နိုင်ငံ၏ လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်တိုးတက်ရေးအားမြှင့်တင်ရေးတို့ကိုလည်း သဘောတူညီခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှတာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှစီးပွားရေးသံမှူးနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသမှတာဝန် ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here