ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိသုံးမှု အတွက် မနက်ဖြန် အိုးဘိုအကျဉ်းထောင်တွင် ရုံးထုတ်စစ်ဆေးကြားနာရန်ရှိနေ

0
103

ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိသုံးမှု အတွက် မနက်ဖြန် အိုးဘိုအကျဉ်းထောင်တွင် ရုံးထုတ်စစ်ဆေးကြားနာရန်ရှိနေ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အား စွဲဆိုထားသော အဂတိအမှု သုံးမှုနှင့် ပတ်သက်၍ မနက်ဖြန်(ဧပြီ ၁)ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန်ရှိကြောင်း အမှုလိုက်ရှေ့နေအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

အဆိုပါ အဂတိအမှု သုံးမှုအား မန္တလေးတိုင်းဒေသကြီး အိုးဘိုအကျဥ်းထောင်တွင်း သီးသန့် တရားရုံးတွင်စစ်ဆေးကြားနာမည်ဖြစ်ပြီး၊ စစ်ဆေးရန်ကျန်ရှိနေသော တရားလိုပြသက်သေ စစ်ဘက်အရာရှိကြီး တစ်ဦးနှင့် အရပ်ဘက်သက်သေတစ်ဦး တို့ကို စစ်ဆေးရန်သွားရန်ရှိကြောင်း သိရသည်။

“ မနက်ဖြန် အိုးဘိုထောင်တွင်းတရားရုံးမှာ စစ်ဆေးဖို့ရှိတယ်။ အမှုအတွက်က တရားလိုပြသက်သေ သူတို့ နှစ်ဦးဘဲ ကျန်နေတာ။ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့ တပ်မမှူးသင်တန်းတက်နေတယ်လို့တော့ ကြားတယ်။ အတိအကျတော့မသိပါဘူး။ မနက်ဖြန် တရားလိုပြသက်သေအဖြစ်လာရောက်မထွက်ဆိုနိုင်ရင် ရုံးတော်က သူတို့ကို သက်သေ စာရင်းကနေ ပယ်ဖျက်ဖို့ ရှိမယ်ထင်တယ်” ဟု ဆိုသည်။

အဆိုပါအမှု သုံးမှု နှင့် ပတ်သက်၍ မနက်ဖြန် တွင် တရားလိုပြသက်သေ နှစ်ဦးမလာရောက်ပါက စွဲချက်အမိန့် တင်နိုင်ဖွယ်ရှိ၍ ယင်းမှာ မသေချာသေးဘဲ မနက်ဖြန် ရုံးချိန်းအပြီးမှသာ ရုံးတော်၏ အမိန့်ချမှတ်မှုအပေး စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

မနက်ဖြန်စစ်ဆေးမည့် အဂတိအမှု သုံးမှုမှာ စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်ဝိတ်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှု နှစ်မှု၊ ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှု တစ်မှု တို့ ဖြစ်သည်။

အဆိုပါ အမှုများသည် ဒေါက်တာဇော်မြင့်မောင်ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုစဉ်အချိန်က ၎င်းတို့ နှစ်ဦးထံ မှ ငွေကြေးယူဆောင်သည်ဟုဆိုကာ စွဲဆိုထားသော အမှု ဖြစ်သည်။ အမှုအတွက် မောင်ဝိတ်က မိမိဆန္ဒဖြင့် ပေးအပ်ခြင်းဖြစ်ကြောင့် တရားခွင်အတွင်း လာရောက်ထွက်ဆိုထားသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အမှုခုနှစ်မှု ဖြင့်ဆက်လက်ရင်ဆိုင်ရန်ကျန်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here