ထားဝယ်​မြို့ပေါ်က လူငယ်သုံးဦးထောင်ဒဏ် ၅နှစ်စီထပ်တိုးအမိန့်ချမှတ်ခံရ

0
289

ထားဝယ်​မြို့ပေါ်က လူငယ်သုံးဦးထောင်ဒဏ် ၅နှစ်စီထပ်တိုးအမိန့်ချမှတ်ခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသား ကိုစိုးပြည့်အောင်၊ ထားဝယ်တက္ကသိုလ်ကျောင်းသူဟောင်း မစိုးမီမီကျော်နဲ့ မသျှားပြည့်ခင် တို့ကိုထားဝယ်ထောင်တွင်းတရားရုံးက မတ်လ၃၁ရက်မှာ ထောင်ဒဏ် ၅ နှစ်စီတပ်တိုးအမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့သုံးယောက်ဟာ မနှစ်ကဒီဇင်ဘာလ ၃၀ရက်နေ့မှာ ပုဒ်မ ၅၀၅(ဂ)နဲ့ ထောင်ဒဏ်၂ နှစ်စီကျခံထားရသူတွေဖြစ်ပါတယ်။

ထောင်ဒဏ်၂ နှစ်စီအမိန့်ချမှတ်ခံရပြီးနောက်မှ ၅၂(က)နဲ့ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၅နှစ်စီထပ်တိုးအမိန့်ချမှတ်ခဲ့တာပါ။ ဒါကြောင့်စုစုပေါင်းထောင်ဒဏ် ၇နှစ်စီရှိပြီဖြစ်ပါတယ်။

သူတို့ဟာ စက်တင်ဘာ ၂၀ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here