စားသောက်ကုန်နှင့်အခြေခံသွင်းကုန် တင်သွင်း/အသုံးပြုသူများအား UMFCCI နှင့် MRCCI တို့မှကူညီပေးမည်

0
224

စားသောက်ကုန်နှင့်အခြေခံသွင်းကုန် တင်သွင်း/အသုံးပြုသူများအား UMFCCI နှင့် MRCCI တို့မှကူညီပေးမည်

စားသောက်ကုန်နှင့်စက်မှုအခြေခံသုံးသွင်းကုန်များဖြစ်သည့် ပလတ်စတစ်ကော်စေ့၊သံ/သံမဏိ၊စက္ကူနှင့်ဓာတုပစ္စည်းတင်သွင်းသူများနှင့်အသုံး ပြုသည့်စက်မှုလုပ်ငန်းရှင်များအားကူညီပေးသွားမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မန္တလေးမြို့ရှိ မန္တလေးတိုင်းကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)တို့မှကူညီပေးသွားမည်ဟု အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ယင်း ကုန်ပစ္စည်းများတင်သွင်းမှုနှင့်ဝယ်ယူအသုံး ပြုမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင် ပြေချောမွေ့စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ကာ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကူညီပံ့ပိုးမှုများရယူရန် UMFCCI နှင့် MRCCI တို့သို့ ဧပြီ ၁ ရက်မှ ၈ ရက်နေ့အထိ စာ ရင်းပေးသွင်းနိုင်ကြောင်း အသိပေးကြေညာထား သည်။

ထိုသို့ စာရင်းပေးသွင်းရန် UMFCCI ၏ဖုန်းနံပါတ် ဝ၉၇၇၆၉၉၉၉၄၀ နှင့် MRCCI ၏ဖုန်းနံပါတ် ၀၉၇၆၇၃၃၃၇၁၀ ၊ ၀၉၇၉၉၄၆၂၁၉၆ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here