ရှမ်းပြည်နယ်မှရန်ကုန်သို့သယ်လာသည့် ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သီပေါမြို့နယ်၌ဖမ်းမိ

0
232

ရှမ်းပြည်နယ်မှရန်ကုန်သို့သယ်လာသည့် ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သီ ပေါမြို့နယ်၌ဖမ်းမိ

ရှမ်းပြည်(မြောက်ပိုင်း)၊သီပေါမြို့နယ်၊လားရှိုး-ရန်ကုန်သွားကားလမ်းတွင် မတ် ၂၉ ရက်နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

လားရှိုး-ရန်ကုန်သွားကားလမ်း၏ မိုင်တိုင်အမှတ် (၁၄၉/၂)အနီးတွင် ရှိန်းကိုကိုအောင်(ခ )အောင်အောင် မောင်းနှင်ကာ အိုက်ငင်း လိုက်ပါလာသည့် WISH ကိုယ်ပိုင်ကားအား သတင်းအရ ရှာဖွေရာမှ(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀၀)တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူ ၂ ဦးအား စစ်ဆေးချက်အရ စိတ် ကြွဆေးပြားများအား တာဝန်ခံသယ်ဆောင်လာသူများဖြစ်သည့် အုန်းမြင့်(ခ)ဖိုးဆိတ်နှင့်မလှလှဝင်းတို့အား မွန်းလွဲ ၂ နာရီခွဲတွင် သီပေါမြို့ နယ်၊တုံစင့်ကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ အဆို ပါ စိတ်ကြွဆေးပြားများအား ရှမ်းပြည်(မြောက်ပိုင်း)မှရန်ကုန်တိုင်းသို့ သယ်ဆောင်လာခြင်းဖြစ် ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ဖြစ်စဥ်မှ စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိသူများနှင့်ထပ်မံဖမ်းဆီးရမိသူများအား မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်၍စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here