မြေဩဇာတင်သွင်း၊တင်ပို့၊ထုတ်လုပ်ခြင်းအ တွက်မှတ်ပုံတင် ၈၉၁၉ စောင်ထုတ်ပေးပြီးဖြစ်

0
164

မြေဩဇာတင်သွင်း၊တင်ပို့၊ထုတ်လုပ်ခြင်းအ တွက်မှတ်ပုံတင် ၈၉၁၉ စောင်ထုတ်ပေးပြီးဖြစ်

မြေဩဇာကော်မတီ၏ ၃၅ ကြိမ်မြောက် အစည်း အဝေးအား မတ် ၃၁ ရက်က နေပြည်တော်ရှိ စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး၌ကျင်းပရာမှ မှတ်ပုံတင် ၈၉၁၉ စောင်ထုတ် ပေးပြီးဖြစ်ကြောင်းအား သိရခြင်းဖြစ်သည်။

အဆိုပါ မှတ်ပုံတင်များအား မြေဩဇာကော်မတီ ၏ ၃၄ ကြိမ်မြောက် အစည်းအဝေးအထိ မြေဩ ဇာတင်သွင်း၊တင်ပို့၊ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံ တင်များကို စိစစ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်(၁၉)ရောဂါကြောင့် ကုန်သွယ်မှု အခက်အ ခဲတွေနဲ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပါအ ဝင် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ဈေးနှုန်းမတည်ငြိမ်တာနဲ့စားနပ်ရိက္ခာလိုအပ် ချက်မြင့်တက်လာခြင်းတွေ ဖြစ်ပေါ်လျက်ရှိတယ်”ဟု မြေသြဇာကော်မတီ ဥက္ကဋ္ဌဒေါက်တာအောင်ကြီးကပြောသည်။

ထို့ကြောင့် မြေသြဇာကော်မတီမှ မြန်မာနိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေးထွက်ကုန်များပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် သီးနှံအ ထွက်တိုးရေး၌ အရေးပါသည့် မြေဩဇာများအား အရည်အသွေးပြည့်ဝကာ စံချိန်စံညွှန်းကိုက်ညီစွာသုံးစွဲနိုင်ရန် စနစ်တကျစီစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မြေဩဇာ တင်သွင်း၊တင်ပို့၊ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများအား လွယ်ကူစေရေးအတွက် အွန်လိုင်းစနစ် မှတ်ပုံတင်လျှောက်ထားနိုင်ရန် MAIRS Online System စနစ် ဖွင့်လှစ်ပေးထားပြီးဖြစ်သည်ဟု သိရသည်။

ယင်း စနစ်ဖြင့် မှတ်ပုံတင်လက်မှတ်များ၊ထောက် ခံချက်လက်မှတ်များအား စာရွက်စာတမ်းများအ နေဖြင့်ထုတ်ပေးခဲ့ပြီး ၃၅ ကြိမ်မြောက် အစည်းအ ဝေးတွင်လည်း စိစစ်ခွင့်ပြုပေးမည့် မှတ်ပုံတင်များ၊ထောက်ခံချက်များမှစတင်၍ Online မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here