တာ့ခ်ခရိုင်ရောက် မြန်မာစစ်ဘေးရှောင်များအရေး ထိုင်းနှင့် UNHCR တို့တွေ့ဆုံဆွေးနွေး

0
160

တာ့ခ်ခရိုင်ရောက် မြန်မာစစ်ဘေးရှောင်များအရေး ထိုင်းနှင့် UNHCR တို့တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်းသို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များအရေးအတွက် တာ့ခ်ခရိုင်မှတာဝန်ရှိသူများနှင့် UNHCR မှတာဝန်ရှိသူတို့ မတ် ၃၁ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၃ ခု၌ မြန်မာနိုင်ငံသားစစ်ဘေးရှောင်များအတွက် တာ့ခ်ခရိုင်ဝန်နှင့်တာဝန်ရှိသူများနှင့် UNHCR မှအဆင့်မြင့်တာဝန်ရှိသူတစ်ဦးတို့က ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တာ့ခ်ခရိုင်အတွင်းသို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်အများစုမှာ ကရင်လူမျိုးများဖြစ်ပြီး ၁၉၇၅ ခုနှစ်ခန့်မှစတင်၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်နှင့်လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လာရောက်နေထိုင်သူစစ်ဘေးရှောင်ဦးရေ သိန်းချီရှိနေကြောင်း မြန်မာစစ်ဘေးရှောင်များအရေးလေ့ လာနေသည့် ထိုင်းလူမျိုးသုတေသီတစ်ဦးကဆွေး နွေးပြောကြားခဲ့သည်။

“၁၉၇၅ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာလာရောက်ခိုလှုံနေကြတဲ့ မြန်မာလူမျိုးတွေအများကြီးရှိတယ် နေထိုင်တဲ့နှစ်အရဆိုရင်လည်း နှစ်ပေါင်း ၄၀ လောက်ရှိနေပါပြီ”ဟုထိုင်းသုတေသီကပြော သည်။

အလားတူ ထိုင်းနိုင်ငံမှတာဝန်ရှိသူများနှင့်ပူး ပေါင်း၍ တာ့ခ်ခရိုင်အတွင်းရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်မျအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား UNHCR မှထောက်ပံ့ပေးမည့်အစီအစဥ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

လက်ရှိအချိန်တွင်လည်း ကရင်ပြည်နယ်အတွင်း ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေအိမ်များအစွန့်ခွာ၍ စစ်ဘေးရှောင်များအဖြစ်တိမ်း ရှောင်နေရသူများပိုမိုများပြားလာကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here