ရေဖြူမြို့ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဌာနဖြစ်သည့် အထက(ရေဖြူ)တွင် ဗုံးပေါက်ကွဲမှုဖြစ်

0
145

ရေဖြူမြို့ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဌာနဖြစ်သည့် အထက(ရေဖြူ)တွင် ဗုံးပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်း၊ရေဖြူမြို့ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဌာနဖြစ်သည့် အထက(ရေဖြူ) တွင် ဧပြီ ၁ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ဖြစ်သည်ဘ အင်္ဂလိပ်ဘာသာရပ်ဖြေဆိုမည့် ယနေ့နံနက် ၈ နာရီခန့်ကပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဗုံးက ကျောင်းဆောင်တစ်ခုနားမှာပေါက်သွားတာ ကလေးတွေအကုန်ကျောင်းထဲမရောက်သေးတဲ့အချိန်ဖြစ်သွားတာပါ ပေါက်ကွဲသံအကျယ်ကြီးပဲ တစ်ချို့ကလေးတွေဆိုရင် လန့်ပြီးငိုကြတယ် မိဘတွေလည်းစိတ်ပူသွားကြတာပေါ့”ဟုကျောင်းအကျိုးတော်ဆောင်တစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ဗုံးပေါက်ကွဲခဲ့သည့် ကျောင်းဆောင်နံရံအနည်းငယ်သာပျက်စီးခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ကလေးတွေဘာမှမဖြစ်ပေမယ့် လန့်သွားကြတဲ့အတွက် စာမေးပွဲဖြေတာကို လန့်တဲ့စိတ်နဲ့ဖြေကြရတာဆိုတော့ စာတွေမေ့သွားပြီးမဖြေနိုင်မှာကိုစိတ်ပူတယ် အပြင်ကနေရင်တမမနဲ့ မိဘတွေလည်းစောင့်နေကြရတယ်”ဟုကျောင်းအကျိုးတော်ဆောင်တစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးတာဝန်ယူထားသည့် အဖွဲ့ဝင်များက အထကကျောင်းအနီးရှိ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here