မြန်မာမတ်ပဲတင်သွင်းမှုဆက်လက်အားကောင်းနေမည်

0
568

မြန်မာမတ်ပဲတင်သွင်းမှုဆက်လက်အားကောင်းနေမည်

အိန္ဒိယအစိုးရက မြန်မာမတ်ပဲတင်သွင်းမှုကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးပေးလိုက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ မတ်ပဲအရောင်းအဝယ်အပေါ်အကျိုးသက်ရောက်မှုများစွာဖြစ်ခဲ့သည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဧရာကုန်သွယ်မှုဗဟိုဌာနက ယနေ့ဧပြီ၁ရက်တွင် ခန့်မှန်းထုတ်ပြန်သည်။

အိန္ဒိိယအစိုးရ၏ဆုံးဖြတ်ချက်ကကောင်းမွန်သော်လည်း လက်ရှိပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးနေမှုကြောင့် မြန်မာမတ်ပဲတင်သွင်းမှုဆက်လက်အားကောင်းနေမည်ဟုလည်းပြောသည်။

အိန္ဒိယနိုင်ငံ၏ပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးနေပြီး ပြည်တွင်းစားသုံးမှုသည်လည်း တစ်လလျှင်အနည်းဆုံး တန်ချိန် ၂ သိန်းခန့်ရှိနေသည်။ ပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးမှုကြောင့် အိန္ဒိယသည် တစ်လလျှင်မတ်ပဲတန်ချိန် 1.25 သိန်း တင်သွင်းရမည်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယသည် တစ်လလျှင်ပျမ်းမျှ မတ်ပဲတန်ချိန် ၅၀၀၀၀ တင်သွင်းခဲ့ရသည်။ မတ်ပဲတင်သွင်းခွင့်သက်တမ်းတိုးပေးလိုက်သော်လည်း ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် မတ်ပဲတင်ပို့ရောင်းချမည့်နိုင်ငံများအပေါ် များစွာမှီခိုနေရဦးမည်ဖြစ်သည်ဟု
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဧရာကုန်သွယ်မှုဗဟိုဌာနက ယနေ့ဧပြီ၁ရက်တွင် ခန့်မှန်းထုတ်ပြန်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here