ဗဟိုဘဏ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ပျော့ပြောင်းသောငွေကြေးမူဝါဒကိုဆက်လက်ကျင့်သုံးမည်ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌပြော

0
145

ဗဟိုဘဏ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ပျော့ပြောင်းသောငွေကြေးမူဝါဒကိုဆက်လက်ကျင့်သုံးမည်ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌပြော

အာဆီယံ+၃ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ်ဒုတိယအ ကြီးအကဲများအစည်းအဝေး(ASEAN+3 Finance and Central Bank Deputies’ Meeting – AFCDM+3)တွင် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါကာလအတွင်း ဗဟိုဘဏ်မှ မူဝါဒတုန့်ပြန်ဆောင်ရွက်ချက်များအဖြစ် နိုင်ငံစီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေမည့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ငွေကြေးလုံလောက်မှုရှိစေရန်၊ချေးငွေရရှိမှုအဆင်ပြေချောမွေ့စေရန်နှင့်ငွေရေးကြေးရေးကဏ္ဍ တည် ငြိမ်စေရန် အစိုးရငွေတိုက်စာချုပ်များဝယ်ယူခဲ့သည်။

ထို့ပြင် သီးသန့်ငွေလိုအပ်ချက်အချိုးလျှော့ချပေးခြင်းနှင့်အတိုးနှုန်းလျှော့ချပေးခြင်းများဖြစ်သည့် ငွေကြေးမူဝါဒဆိုင်ရာဆောင်ရွက်ချက်များနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဗဟိုဘဏ်အ တိုးနှုန်းအား ၃ ကြိမ် ၃ ရာခိုင်နှုန်းလျှော့ချ သတ်မှတ်ပေးခဲ့သည်ဟု ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြောသည်။

“ဘဏ်တွေရဲ့ Credit Risk Management ကို ထိန်းကျောင်းဖို့ ချေးငွေတွေကို Restructure and Reschedule ဆောင်ရွက်ခွင့်ပြုထားပြီး အဲဒီချေးငွေတွေနဲ့ ပတ်သက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလို စီးပွားရေးတိုးတက်မှုကို အထောက်အ ကူပြုဖို့ ငွေကြေးအရင်းအမြစ်တွေကို ပြည်တွင်းဘဏ်အချင်းချင်း ဈေးကွက်(Interbank Market)ကတဆင့် ဆောင်ရွက်ဖို့အားပေးဆောင်ရွက်ခဲ့ပါတယ်”ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြောသည်။

ထို့ပြင် ပြည်တွင်းဘဏ်များနှင့်နိုင်ငံခြားဘဏ်ခွဲများ ဘဏ်အချင်းချင်းချေးငွေဖလှယ်ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန်နှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်လွယ်ကူချောမွေ့စေရန် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုတို့အား ဆောင်ရွက်ခွင့်ပြုပေးခဲ့သည်ဟု ပြောသည်။

“လက်ရှိကမ္ဘာ့ငွေရေးကြေးရေးအခြေအနေမှာ အ ထူးသဖြင့် လောင်စာဆီဈေးနှုန်းမြင့်တက်လာတာကြောင့် ဗဟိုဘဏ်အနေနဲ့ ဒီနှစ်ကုန်အထိ ပျော့ပြောင်းသောငွေကြေးမူဝါဒ(Easing Monetary Policy)ကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါတယ်”ဟု ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြော သည်။

အစည်းအဝေးတွင် ဒေသတွင်း မေခရိုစီးပွားရေးအလားအလာ(Regional Economic Outlook)နှင့်ပတ်သက်၍ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး(AMRO)မှ “ASEAN +3 Growth Strategic in the Pandemic’s Wake” ခေါင်းစဉ်ဖြင့်တင်ပြခဲ့ပြီး အာဆီယံ+၃ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ်ဒုတိယအကြီးအကဲများက ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသ နရုံး(AMRO)၏ ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းအစီ အစဉ်၊ဘတ်ဂျက်နှင့်ဝန်ထမ်းခန့်ထားရေး၊ကာလလတ်အကောင်အထည်ဖော်မှုအစီအစဉ် (၂၀၂၂-၂၀၂၆)၊ AMRO ၏စီမံခန့်ခွဲမှုအဆင့် ရာ ထူးရွေးချယ်မှုအစီအစဉ်၊ AMRO Director ၏ ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အကဲ ဖြတ်ချက်၊ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါ ဝင်လာရေး(CMIM)အကောင်အထည်ဖော်မှုနှင့်ပတ် သက်သည့် ပြည်တွင်းသုံးငွေကြေးထည့်ဝင်မှု၊မာဂျင်သတ်မှတ်မှုဆိုင်ရာလမ်းညွှန်ချက်များ၊(၁၃) ကြိမ်မြောက် အစမ်းလေ့ကျင့်မှုလုပ်ငန်းအစီအ စဉ်၊အာဆီယံ+၃ အနာဂတ်ဦးစားပေး အစီအစဉ်များနှင့်အာရှငွေချေးစာချုပ်ဈေးကွက်အစီအစဉ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here