ထိန်ပင်အမှိုက်ပုံကြောင့်ဖြစ်သည့်လေထုညစ်ညမ်း မူလျော့ချနိုင်ရေး နည်းလမ်း

0
289

ထိန်ပင်အမှိုက်ပုံ ကြောင့်ဖြစ်သည့်လေထုညစ်ညမ်း မူလျော့ချနိုင်ရေး နည်းလမ်း

ရန်ကုန် ၊ဧပြီ ၁

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်ယခင် ၂၀၁၈ ခု မီးမလောင်ခင်ဆောင်ရွက်နေသည့် အမှိုက်ပုံစနစ်မှာ ဟင်းလင်းပွင့် အမှိုက်ပုံ အမှိုက်စွန့်ပစ်ခြင်း (Open Dumping) စနစ်ကို ကျင့်သုံးစွန့်ပစ်ခဲ့ ခြင်းကြောင့် လေထုညစ်နွမ်းစေပြီး၊ Ch4 (Methane) ဓာတ်ငွေ့ထွက်များပြားခြင်းကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ထိုအမှိုက်ပုံမီးလောင်ပြီးနောက်ပိုင်းတွင် လေထုညစ်ညမ်းမှု လျော့ချနိုင်ရေးအတွက်ထိန်ပင်၏မြေဧက ၂.၄ ဧကပေါ်တွင် Fukuoka ဂျပန်နည်းပညာဖြစ်သည့် (Semi-Aerobic)စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

ယခုလေသွင်းလေထုတ် (Semi-Aerobic)စနစ်တွင် လေသွင်းလေထုတ်ပေါက်များ ရေဆိုးဆင်းပိုက် များနှင့် ရေဆိုးရေစုကန်တို့ပါရှိသည်။

မြေ ၂.၄ ဧက အလယ်ဗဟို၌ ၁ ပေ ပိုက်ကို အပေါက်များ ဖောက်ထားပြီး
၆ လက်မပိုက်များကို လက်တက်ပိုက်ငယ်များအဖြစ် အရည်များဝင်စေရန်နှင့် လေသွင်း လေထုတ် (Gas Ventilation) ပိုက်တပ်ဆင်နိုင်ရန် အပေါက်များဖောက် ၍တပ်ဆင်ပြီး ယင်းပိုက်များကို (၂လက်မ x ၄လက်မ) ကျောက်တုံးများဖြင့် ဖုံးအုပ်ကာ ၆ လက်မရှိ လေသွင်း လေထုတ် (Ges Ventilation)ပိုက် ၉ ခုအား စိုက်ထူသည်။ ထို့နောက်အမှိုက်များကို ၁၀ ပေအမြင့်ထိ ပုံစေပြီး အပေါ် ဘေး ဝဲယာ မြေသားထု ၁ လက်မခွဲအထိ ဖုံးအုပ်ပေးရသည်။ ယင်းသို့ ပြုလုပ်ခြင်အား သုံးလွှာအထိ ပြုလုပ်ဆောင်ရွက်ရာတွင် ယခုအခါ ၉၅ % ထိပြီးစီးနေပြီဖြစ်သည်။

အဆိုပါ (Semi-Aerobic) စနစ်ပြုလုပ်ခြင်းကြောင့် သဘာဝလေထုညစ်ညမ်းခြင်းကို ကာကွယ်နိုင်ပြီး Ch4 (Methane) ဓာတ်ကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here