၂၀၂၃ ခုနှစ်၌ ကျင်းပရန်ရည်ရွယ်ထားသည့် ရွေး ကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့်စာရင်းဇ ယားမှန်ကန်တိကျရန်လိုအပ် နစက ဒု-ဥက္ကဋ္ဌပြော

0
178

၂၀၂၃ ခုနှစ်၌ ကျင်းပရန်ရည်ရွယ်ထားသည့် ရွေး ကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့်စာရင်းဇ ယားမှန်ကန်တိကျရန်လိုအပ် နစက ဒု-ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးအား ဧပြီ ၁ ရက်က နေပြည်တော် ၌ပြုလုပ်ရာတွင် နစက ဒု-ဥက္ကဋ္ဌ၊ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေခံအားဖြင့်မဲပေးမယ့် စာရင်းဇယားတွေ တိကျမှန်ကန်ဖို့ လိုအပ်ပါတယ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နဲ့တစ်နိုင်ငံလုံးရဲ့ လူဦးရေစာ ရင်းကိုကိုင်တွယ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

စာရင်းဇယားများတိကျခိုင်မာမှန်ကန်မှသာ မှန် ကန်သည့် ဆန္ဒမဲပေးနိုင်မည့် အနေအထားဖြစ်ကာ ဆန္ဒမဲပေးမည့် အကျုံးဝင်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားနိုင်ရန် အမြဲနေထိုင်ရာ နေရာဒေသတွင် ဆန္ဒမဲပေးနိုင် ရေးနှင့်နေထိုင်ကြောင်း အထောက်အထားဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း လဝက ပုံစံ ၆၆/၆ ရှိရေးတို့အား ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသိရှိစေရန် အသိပညာပေးဆောင်ရွက်ရမည်ဟုပြောသည်။

“၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့အတွက် အခြေခံအားဖြင့် စာရင်းဇယားမှန်ကန်တိကျဖို့ အဓိကလိုအပ်တာကြောင့် စာရင်းဇယားတွေ တိကျမှန်ကန်စေဖို့ တိုင်းနဲ့ပြည် နယ်တွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့် ဆင့်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနတွေနဲ့ပေါင်းပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိမရှိ၊ လဝ က ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ်ဆောင်ရွက်သွားရမယ်”ဟု ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များကွန်ပျူတာအတွင်းရရှိပြီးပါက တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များသို့ ပူး ပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်းမှန်ကန်မှုရှိ၊မရှိ ပြီးစီးစေရန်တိုက်ဆိုင် စစ် ဆေးဆောင်ရွက်ရမည်ဟုပြောသည်။

နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့်ရှိ၍ နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊မမှန် ကြပ်မတ်စိစစ်ဆောင်ရွက်ရမည်ဖြစ်ကာ တရားမဝင်ကတ်များအားပယ်ဖျက်ပြီး ပုံစံ ၆၆/၆ များကိုလည်း စိစစ်မှသာ ဆန္ဒမဲပေးရာ၌ သန့်ရှင်းလွတ်လပ်၍ တရားမျှတမည်ဟုပြောသည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရဲ့ တစ်နိုင်ငံလုံး မှတ်ပုံတင် ၅၁ သန်းကျော် ထုတ်ပေးပြီးဖြစ်တယ်လို့စာရင်းတွေမှာသိရတယ် အဲဒီထုတ်ပေးပြီးစာရင်းမှာ သေဆုံးသူတွေ ပြည်ပကိုထွက်ခွာသွားသူတွေ ပျက်စီး၊ပျောက်ဆုံးနဲ့နှစ်ကြိမ် သုံးကြိမ်ထပ်သူတွေလည်း ပါဝင်နေမှာဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင် ရွက်သွားမည်ဟု နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here