ချမ်းအေးသာဇံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရုံးအား လက်နက်ငယ်များဖြင့် ပစ်ခံရ

0
154

ချမ်းအေးသာဇံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရုံးအား လက်နက်ငယ်များဖြင့် ပစ်ခံရ


မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်၊၈၇(ဒီ)လမ်း၊၃၂လမ်းနှင့်၃၃လမ်းကြားရှိ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရုံးအား ဧပြီလ၁ရက်နေ့ ည၈နာရီ၃၀မိနစ်က လက်နက်ကိုင်အချို့၏ လက်နက်ငယ်များဖြင့် ပစ်ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရ
သည်။

“မနေ့ည ၈နာရီခွဲလောက် သေနတ်ပစ်သံ ၈ချက်လောက်ကြားလိုက်ရတယ်။ခဏနေတော့ ရပ်ကွက်ထဲကလူတွေပြောနေကြတာတော့ ရပ်ကွက်ရုံးကို လာပစ်တာတဲ့။ရပ်ကွက်ရုံးက စစ်သားတွေကလည်း ပြန်ပစ်တယ်လို့ ရပ်ကွက်ရုံးနားမှာနေတဲ့သူတွေဆီကသိရတယ်´´ဟု ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်မှာ ၈၇(ဒီ)လမ်း၊၃၂လမ်းနှင့်၃၃လမ်းကြားရှိ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရုံးအား ဧပြီလ၁ရက်နေ့ ည၈နာရီ၃၀မိနစ်က ၃၃ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဆိုင်ကယ်စီးလာသောအမည်မသိအမျိုးသား(၂)ဦးမှ ရပ်ကွက်ရုံးနားအရောက်တွင် လက်နက်ငယ်(ပစ္စတို)ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့၏ လက်နက်ဖြင့် ၅ချက်ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ရပ်ကွက်ရုံးလက်နက်ငယ်ဖြင့်လာရောက်ပစ်ခတ်၂ဦးသည် ၃၃ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း လုံခြံရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါရပ်ကွက်ရုံးအား Justice Mandalay PDF အဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်ပြီး ရုံးတာဝန်ကျ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်းနှင့် PDFအဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးမြို့ပြပျောက်ကြား မဟာမိတ်တပ်ပေါင်းစု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here