မိုးမိတ်မြို့နယ်မှာ ကိုယ်ပိုင်ကား ၂ စီးပေါ်ကဘိန်းဖြူတွေဖမ်းမိ

0
97

မိုးမိတ်မြို့နယ်မှာ ကိုယ်ပိုင်ကား ၂ စီးပေါ်ကဘိန်းဖြူတွေဖမ်းမိ

ရှမ်းပြည်(မြောက်ပိုင်း)၊မိုးမိတ်မြို့နယ်၊ရွှေဇာလီကျေးရွာနားက မိုးမိတ်-မဘိန်းသွားတဲ့ ကားလမ်းမှာ မောင်းနှင်လာတဲ့ ကား ၂ စီးကိုတားဆီးစစ် ဆေးရာမှာ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

ဧပြီ ၁ ရက်ည ၈ နာရီလောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ကျော်မင်း (ခ)ဗလ(၃၇)နှစ်မောင်းလာတဲ့ ALPHARD ကိုယ် ပိုင်ကားကို တားဆီးစစ်ဆေးခဲ့ကြပါတယ်။

ကားပေါ်မှာဝှက်သယ်လာတဲ့ ဆပ်ပြာခွက်တွေထဲမှာထည့်ထားတဲ့ ဒေသကာလပေါက်စျေးငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဖမ်းဆီးရမိပြီး ၅ မိနစ်လောက်အကြာ ည ၈ နာရီ ၅ မိနစ်မှာ သူရအောင် (၂၉)နှစ်မောင်းလာတဲ့ WISH ကိုယ်ပိုင်ကားကို ပူးပေါင်းအဖွဲ့ဝင်တွေက ထပ်မံတားဆီးစစ်ဆေးခဲ့ကြပါတယ်။

အဲ့လို စစ်ဆေးရာမှာ ကားပေါ်မှာပဲဝှက်ထားတဲ့ ဆပ်ပြာခွက်တွေထဲက ဒေသကာလပေါက်စျေးငွေကျပ်သိန်း ၃၃၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုကိုထပ်ပြီးဖမ်းမိခဲ့ပါတယ်။

ဒါ့ကြောင့် ဘိန်းဖြူတွေနဲ့အတူဖမ်းမိခဲ့တဲ့ အမျိုး သား ၂ ယောက်ကို မိုးမိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့အတွက်စစ်ဆေးနေပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here