ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုများအတွက် ဧပြီ ၃ ရက်တွင် ၎င်းကိုယ်တိုင်သက်သေအဖြစ် ချေပထွက်ဆိုရန်ရှိ

0
72

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုများအတွက် ဧပြီ ၃ ရက်တွင် ၎င်းကိုယ်တိုင်သက်သေအဖြစ် ချေပထွက်ဆိုရန်ရှိ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုသုံးမှု အတွက် လာမည့် ဧပြီ ၃ ရက်နေ့တွင် ၎င်းကိုယ်တိုင်သက်သေအဖြင့် ချေပထွက်ဆိုရန်ရှိနေကြောင်း တရားရုံး နှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အမှုသုံးမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ဧပြီ ၁ ရက်နေ့တွင် စွဲချက်တင်အမိန့်ချမှတ်ခဲ့ပြီး၊ ယင်းအမှု အတွက်သက်သေ ထွက်ဆိုရန်ရှိသည့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူမှာ တရားရုံးရှေ့မှောက် ရောက်ရှိမလာသည့်အတွက် တရားလိုပြသက်သေစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

“ ဒေါက်တာဇော်မြင့်မောင်က အရင်ထွက်ဆိုချက်တွေမှာလည်း သူအပြစ်မရှိကြောင်း ထွက်ဆိုထားတာရှိတော့ အခုလည်း သူအပြစ်မရှိပါဘူးလို့ ထွက်ဆိုမယ်ထင်တယ်။ ရုံးချိန်းထူးခြားချက်က ထွေထွေထူးထူး မရှိပါဘူး။ လာမယ့် အင်္ဂါနေ့မှာ သူ့ကို တရားခံ အဖြစ်နဲ့ စစ်တဲ့ကြားနာမှု ရှိပါမယ်” ဟု ဆိုသည်။

အဆိုပါ အမှု သုံးမှုမှာ စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းရှင် မောင်ဝိတ်နှင့် ပတ်သက်၍စွဲဆိုထားသော အမှု ၂မှု၊ ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့် ပတ်သက်၍ စွဲဆိုထားသော အမှု ၁ မှု တို့ဖြစ်သည်။

အဆိုပါ အမှုများသည် ဒေါက်တာဇော်မြင့်မောင်ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသစဉ်အချိန်က ၎င်းတို့ နှစ်ဦးထံမှ ငွေကြေးရယူ ခဲ့သည်ဟုဆိုကာ စွဲဆိုထားရသော အမှုတို့ ဖြစ်သည်။ မောင်ဝိတ်နှင့် ပတ်သက်သည့် အမှုအတွက် ၎င်းကိုယ်တိုင်မိမိဆန္ဒဖြင့် ဝန်ကြီးချုပ်အား ပေးခဲ့ခြင်းဖြစ်သည်ဟု တရားခွင်အတွင်း ထွက်ဆိုထားသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့်အဂတိလိုက်စားမှု ငါးမှု၊ ရွေးကောက်ပွဲကာလအတွင်း မလျော်သြဇာသုံးသည်ဆိုကာ စွဲဆိုခံထားရသော အမှုနှစ်မှု စုစုပေါင်း အမှု ခုနှစ်မှုဖြင့် တရားရင်ဆိုင်ရန် ကျန်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here