မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိကဘဏ် ၄ ဘဏ်အားခွင့်ပြုထား

0
277

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိကဘဏ် ၄ ဘဏ်အားခွင့်ပြုထား

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ် ငန်းများတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုပေး ချေရာ၌ ပုဂ္ဂလိကဘဏ်များဖြစ်သည့် CB Bank PCL ၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့်မြန်မာ့ရှေ့ဆောင်ဘဏ်တို့အား ခွင့်ပြုထားပြီးဖြစ် ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် ပုဂ္ဂလိကဘဏ်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ရပုဂ္ဂလိကဘဏ်များကို ခွင့်ပြုခြင်းဖြစ်သည်ဟု ယွမ်/ကျပ် တိုက်ရိုက်အ သုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု တိုက်ရိုက်ပေးချေရာတွင် ကုန်သည်များလျင်မြန်အဆင်ပြေစွာအသုံးပြုနိုင်မှုအား ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ခွင့်ပြုချက်ရဘဏ် (Designated Bank)များအဖြစ် ထပ်မံတိုးချဲ့ခွင့်ပြုခြင်းဖြစ်သည်။

ယခင်က ဗဟိုဘဏ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ ယွမ်/ကျပ် တိုက်ရိုက်အ သုံးပြု၍ ဘဏ်လမ်းကြောင်းအသုံးပြုငွေပေးချေရန် မြန်မာ့စီးပွားရေးဘဏ်၊ ICBC,Yangon Branch နှင့် BOC ,Yangon Branch တို့အားခွင့်ပြုထားသည်။

ယင်းသို့ ယွမ်/ကျပ် တိုက်ရိုက်ငွေးပေးချေရာတွင် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂိကဘဏ်များအား ထပ်မံတိုးချဲ့ခွင့်ပြုခဲ့သဖြင့် ကုန်သည်များအနေဖြင့် ရွေးချယ်ဆောင်ရွက်ရန် ဘဏ်များရှိလာကာ လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ် ငန်းစဉ်များအကောင်အထည်ဖော်ခြင်း၊ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက်၊ Designated Banks ခွင့်ပြုမှု၊လုပ်ငန်းအကောင်အထည်ဖော်မှု၊ ယွမ်/ကျပ်စာရင်းဖွင့်လှစ်မှု၊ ဘဏ်လမ်းကြောင်းအား မဖြစ်မနေသုံးစွဲရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများ၊ ED ပို့ကုန်ရငွေအတွက် ကုန် သည်များ၏တင်ပြချက်များနှင့်တင်ပြချက်အရ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ချက်များအား ဗဟိုဘဏ် ဒု- ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေမှ ညှိနှိုင်းအစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့သည်။

ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု၍ ငွေပေးချေမှုကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်များ လွယ်ကူချောမွေ့စေနိုင်ကြောင်း သိရသည်။

အလားတူ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုအားလျှော့ချကာ ဈေးကစားမှုအားတားဆီးနိုင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု စာရင်းအချက်အလက်များရရှိ ၍ စီးပွားရေးဆိုင်ရာစီမံချက်များချမှတ်နိုင်ကာ ပြည်တွင်းသုံးငွေကြေးများသုံးစွဲမှု တိုးမြှင့်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here