၂၀၂၅ အလွန်တွင် ပေါ်ပေါက်လာနိုင်သည့် အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများအပါအဝင် အာဆီယံ၏အနာဂတ်ပေါင်းစည်းမှုကို အဓိကပုံဖော်မည့် လုပ်ငန်းစဉ်များရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် အစည်းအဝေးကျင်းပ

0
337

၂၀၂၅ အလွန်တွင် ပေါ်ပေါက်လာနိုင်သည့် အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများအပါအဝင် အာဆီယံ၏အနာဂတ်ပေါင်းစည်းမှုကို အဓိကပုံဖော်မည့် လုပ်ငန်းစဉ်များရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် အစည်းအဝေးကျင်းပ

၂၀၂၅အလွန်တွင် ပေါ်ပေါက်လာနိုင်သည့် အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများအပါအဝင် အာဆီယံ၏ အနာဂတ်ပေါင်းစည်းမှုကို အဓိကပုံဖော်မည့် လုပ်ငန်းစဉ်များရေးဆွဲရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးကို မတ်လ ၃၁ ရက်မှ ဧပြီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်တွေ့ဆုံခြင်း အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ အဆင့်မြင့် လုပ်ငန်းအဖွဲ့ဝင် ၊ ရင်းနှီးမြှပ်နှံရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးအောင်မျိုးမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြသည်။

ယင်း အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ စည်းမျဉ်း၊လုပ်ထုံး လုပ်နည်းများနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေး အတည်ပြုခဲ့ သည်။

ထိုပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရာတွင် သက်ဆိုင်သူအားလုံး ပါဝင်စေရန် ဆောင်ရွက်မည့်အစီအစဉ်၊ အာဆီယံ၏စွမ်းဆောင်ရည်ခိုင်မာအားကောင်းစေ ရေးဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံ အသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုအခြေ အနေနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိက အချက်များအပေါ် ဆွေးနွေးညှိနှိင်းခဲ့ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီးက အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ စည်းမျဉ်းနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင် များက အတည်ပြုထားသည့် လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီဆောင်ရွက်နိုင်ရန် လိုအပ်သည့် အခြေအနေ များကိုလည်းကောင်း၊ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ အစည်းအဝေးများကို အဖွဲ့ဝင်များစုံညီစွာ ကျင်းပရန် လိုအပ်မှုကို လည်းကောင်း၊အာဆီယံ အသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုတွင် မဏ္ဍိုင်တစ်ခု ၏ အဓိကဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခြားမဏ္ဍိုင်များ၏ ဦးစားပေး လုပ်ငန်းများ အကြားအပြန်အလှန်ချိတ်ဆက်မှု ရှိနေသည့်အတွက် ညှိနှိင်းပေါင်းစပ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှုကို လည်းကောင်းဆွေးနွေးအကြံပြုခဲ့သည်။ထိုပြင် ဒုတိယဝန်ကြီးသည် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲများဖွဲပြီးဆန်းစစ် လေ့လာရန်နှင့် သက်ဆိုင်ရာနိုင်ငံအလိုက် အဆိုပြု ချက်များအပေါ် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လေ့လာစိစစ်၍ ဒုတိယအကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မည့် အစီအစဉ်များကို ပါဝင်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ ယခင် လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ H.E. Tan Sri Hasmy Agam တိုက ဆောင်ရွက်ခဲ့သည်။ အစည်း အဝေးသို့ အာဆီယံအဖွဲဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်တာဝန်ကိုယူကြသည့်ဒုတိယ ဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ၊ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအ တွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်များနှင့် တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here