တောင်ကိုရီးယားနိုင်ငံအစိုးရက မြန်မာလုပ်သား၁၀၀နီးပါးအားခေါ်ယူ

0
350

တောင်ကိုရီးယားနိုင်ငံအစိုးရက မြန်မာလုပ်သား၁၀၀နီးပါးအားခေါ်ယူ

တောင်ကိုရီးယားအစိုးရသည် ၂၀၂၂ဧပြီ၄ရက်တွင် မြန်မာလုပ်သား (၉၈)ဦးအား ခေါ်ယူခဲ့သည်။

၄င်း၏နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်း ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်ဝင်ခွင့်အား ပိတ်ပင်ထားခဲ့သော်လည်း လိုအပ်ချက်အရ မြန်မာလုပ်သားများအား ဆက်တိုက်ခေါ်ယူလျှက်ရှိနေသည်။

၄-၄-၂၀၂၂ ရက်နေ့က Re-entry လုပ်သား(၂၈)ဦး နှင့် ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် (၃၆)ဦး၊ဆောက်လုပ်ရေးလုပ်သားသစ်(၃၄)ဦး၊ စုစုပေါင်း (၉၈)ဦး တို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက မြန်မာလုပ်သားများအားကြိုဆို၍ အလုပ်သမားများ သိရှိ လိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here