မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

0
338

မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် တန်ခူးလဆန်း(၁၃) ရက်နေ့မှ တန်ခူးလဆုတ်(၁) ရက်နေ့အထိ(၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ)မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေခြင်းများဖြင့် ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ကျင်းပသွားမည်ဖြစ်ရာ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း ခေတ္တပိတ်ထားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးကြေညာထားသည်။

အဆိုပါလမ်းများ ယာယီပိတ်ထားမှုကို နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ပြုလုပ်မည်ဖြစ်၍ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here