ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး ကားများမီးရှို့ခံရ

0
246

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး ကားများမီးရှို့ခံရ

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ဧပြီ ၄ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားပြီး ကားများမီးရှို့ဖျက်ဆီးခံနေရသဖြင့် ဖြတ်သန်းသွားလာမှုယာယီရပ်ဆိုင်းနေသည်ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးရှိ ဆိပ်ဖူးတောင်ခြေတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU အဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ နံနက် ၇ နာရီခန့်၌ ကုန်တင်ကားများအားမီးရှို့ဖျက်ဆီးခံရမှုဖြစ်ပေါ်ခဲ့ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အတူ အိမ်စီးကားငယ်များနှင့်ခရီးသည်တင်မှန်လုံကားများလည်း မီးရှို့ခံရသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“အခု ကားတွေမီးရှို့ခံရတယ်ကြားတော့ ကားသွားကားလာတွေ ယာယီရပ်သွားတာပေါ့ တစ်ချို့ကားတွေဆိုရင်ပြန်လှည့်သွားကြပြီ မီးရှို့ခံရတဲ့ကားတွေထဲမှ ကျွန်တော့မိတ်ဆွေ ၂ ယောက်ရဲ့ကိုယ်ပိုင်ကား ၂ စီးလည်းပါသွားတယ်”ဟုမြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကားများသည် အာရှလမ်းမကြီး၏ နေရာသုံးခုခန့်၌ မီးရှို့ခံရခြင်းဖြစ်၍ ကားများဖြတ်သန်းသွားလာခြင်းမရှိတော့ဘဲ လွတ်ကင်းသည့်နေရာများသို့ပြန်လှည့်သွားသည့်ကားများလည်းရှိကြောင်း သိရသည်။

“ကျွန်တော်သိရသလောက်ဆိုရင် ကားတွေမီးရှို့ခံရတယ် ထိခိုက်ဒဏ်ရာရသူတွေ ရှိ၊မရှိဆိုတာက တော့ ကျွန်တော်တို့လည်း သွားပြီးမကူညီရဲတော့သိရသေးဘူး ရပ်ထားတဲ့ကားတွေလည်းမသွားရဲကြသေးဘူး အခြေအနေကိုစောင့်ကြည့်နေတုန်းပါ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here