၂၀၂၂ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်ကို မူလအတိုင်းထား

0
160

၂၀၂၂ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်ကို မူလအတိုင်းထား

၂၀၂၂ ခုနှစ် ပြည်ထောင်စု အခွန် အကောက် ဥပဒေတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်ကို မူလအတိုင်း သာ ထားရှိကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဝင်ငွေရလမ်းမတင်ပြနိုင်သည့် ဝင်ငွေများအပေါ်တွင် ၁ ကျပ်မှ ကျပ်သိန်း ၃၀၀၀,၀၀၀ ထိအခွန်နှုန်း ၃ ရာခိုင်နှုန်း ၊ ကျပ် ၃၀၀၀,၀၀၁ မှ ၆၀၀၀,၀၀၀ ထိ အခွန် ၅ ရာခိုင်နှုန်း၊ ကျပ် ၆၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀၀,၀၀,၀၀၀ ထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်၁၀၀၀၀,၀၀,၀၀၁ မှ ကျပ်သိန်း ၃၀၀၀,၀၀,၀၀၀ ထိ အခွန် ၁၅ ရာခိုင်နှုန်း ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀၀,၀၀,၀၀၁ နှင့် အထက်ကို ၃၀ ရာခိုင်နှုန်းဟူ၍ မူလအတိုင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် တိုးတက်စေရေးအားပေးမြှင့်တင်ရန် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ဝယ်ယူခြင်း ၊တည်ဆောက်ခြင်း၊ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းငွေကို နုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့်ဝင်ငွေအပေါ်တွင် ယင်းအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟုလည်းကောင်းပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here