ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား စွဲဆိုထားသော မဲမသမာမှုပြုလုပ်သည်ဆိုသည့်အမှုအတွက် ဧပြီ ၆ရက်တွင်အပြီးသတ်အမိန့်ချရန်ရှိ

0
156

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား စွဲဆိုထားသော မဲမသမာမှုပြုလုပ်သည်ဆိုသည့်အမှုအတွက် ဧပြီ ၆ရက်တွင်အပြီးသတ်အမိန့်ချရန်ရှိ

စစ်တွေအကျဥ်းထောင်တွင် အဂတိလိုက်စားမှု ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအား ရွေးကောက်ပွဲမဲမသမာမှုပြုလုပ်သည်ဆိုသောအမှုဖြင့် လာမည့် ဧပြီ ၆ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူ ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။

ယနေ့ ဧပြီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေအကျဥ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးကြားနာခဲ့ကြပြီး၊ စွဲဆိုခံထားရသော ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှုပြုလုပ်သည်ဆိုသော ပုဒ်မ ၁၃၀(က)အမှုအတွက် နှစ်ဘက်ရှေ့နေများအပြီးသတ်လျောက်လဲချက်ပေးခဲ့ကြကြောင်း သိရသည်။

ဦးညီပုအား မဲမသမာမှုပြုလုပ်သည်ဟုဆိုကာရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်၍၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါစွဲဆိုထားသောပုဒ်မ ၁၃၀(က)ဖြင့် ပြီးခဲ့သော မတ်လ ၃ရက်တွင်စွဲချက်တင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့်အတွက် စုစုပေါင်းထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here