မန္တလေးမြို့ မင်းစုကျေးရွာအနီး၌ ကိုယ်ပိုင်ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး

0
231

မန္တလေးမြို့ မင်းစုကျေးရွာအနီး၌ ကိုယ်ပိုင်ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး

မန္တလေးမြို့၊မင်းစုကျေးရွာအနီးရှိ ထုံးဘိုကားလမ်းတွင် ဧပြီ ၄ ရက်(ယနေ့)မွန်းလွဲပိုင်းက ကိုယ်ပိုင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား၍ ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ရွှေမဥ္ဇူလူမှုကူညီရေးအသင်းမှသိရသည်။

အဆိုပါ ကိုယ်ပိုင်ကားသည် မုံရွာမြို့မှမန္တလေးမြို့သို့ပြန်လာသည့်ကားဖြစ်ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်၌ အခင်းဖြစ်နေရာတွင်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်မှာက မိသားစုဝင်တွေကြီးပဲ ဘယ်လိုကနေဘယ်လိုတိမ်းမှောက်ခဲ့တာလဲဆိုတာကတော့ သေချာမသိဘူး ဖုန်းသတင်းရရခြင်းသွားပြီးကူညီကယ်ဆယ်ရေးတွေလုပ်ပေးခဲ့ပါတယ်”ဟုရွှေမဥ္ဇူလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့မှာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၂ ဦးမှာ(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောက်းများနှင့်ဒဏ်ရာရရှိသူများအား ရွှေမဥ္ဇူလူမှုကူညီရေးအသင်း၊လောကပါလလူမှုကူညီရေးအသင်း၊ထာဝရတွဲလက်လူမှုကူညီရေးအသင်းနှင့်ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းပိုင် လူနာတင်ကားများဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here