စစ်ကိုင်းမြို့ ကိုးပေသံလမ်းအနီး ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်း တွေ့ရှိမှုဖြစ်ပွား

0
150

စစ်ကိုင်းမြို့ ကိုးပေသံလမ်းအနီး ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်း တွေ့ရှိမှုဖြစ်ပွား

စစ်ကိုင်းမြို့၊ကိုးပေးရထားသံလမ်းအနီးတွင် ဧပြီလ၄ရက်နေ့ ညနေ၆နာရီကျော်က ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့မှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံအချို့၏ပြောပြချက်အရသိရသည်။

“ပုပ်စော်နံနေလို့ ရှာကြရင်း သစ်ပင်ခြုံနွယ်တွေကြားထဲမှာ အလောင်းတွေ့တာ”ဟု မြို့ခံတစ်ဦးကပြောသည်။

သေဆုံးရုပ်အလောင်းမှာ အမျိုးသားအလောင်းဖြစ်သည်ဟုသိရကာ ရုပ်ပျက်ဆင်းပျက်ပင်ဖြစ်နေသည်ဟု သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိနေသည်။

အဆိုပါ စစ်ကိုင်းမြို့ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ကာ စစ်ဆေးလျက်ရှိနေသည်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here