ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအပေါ်မြန်မာနိုင်ငံကမေးခွန်းထုတ်

0
150

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအပေါ်မြန်မာနိုင်ငံကမေးခွန်းထုတ်

မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် ဖြစ်စဥ်များနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရန်ပျက်ကွက်မှုများရှိနေခြင်းအပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပညာရှင်ပီသမှုနှင့်သမာသမတ်ကျမှုအပေါ် မြန်မာနိုင်ငံမှမေးခွန်းထုတ်သည်ဟု နစက ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဧပြီ ၁ ရက်ကပြုလုပ်သည့် ၄၉ ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂမှတင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းကိုလည်း မြန်မာ နိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာကန့်ကွက်ပယ်ချခဲ့သည်။

ထိုသို့ ကန့်ကွက်ပယ်ချရခြင်းမှာ လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှု မရှိခြင်း၊ဆုံးဖြတ်ချက်အဆိုတွင်ပါရှိသည့် အချက်များသည် ခိုင်လုံမှုမရှိခြင်းတို့သည် လက်ခံနိုင်ခြင်းမရှိ၍ ကန့်ကွက်ပယ်ချခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၄၉ ကြိမ်မြောက် ကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုအား နာရီပေါင်းများစွာအချိန်ဖြုန်းမှုသည် လူ့အခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန်နှင့်မြှင့်တင်ရန် လုပ်ဆောင်လိုခြင်းထက် အဆိုမူကြမ်းတင်သွင်းသူများ၏ လိုလားချက်ဖြစ်သည့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများအဖြစ် ထပ်ခါတလဲလဲ လုပ်ဆောင်လာသည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့အတူ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးပုံမှန်သုံး သပ်မှုအစီအစဉ်(UPR)၌ မြန်မာနိုင်ငံမှတင်သွင်းခဲ့သည့် အစီရင်ခံစာအပေါ် သုံးသပ်မှုအား ၂၀၂၂ ခုနှစ်၊ဇွန်လတွင် ကျင်းပမည့်လူ့အခွင့်အရေးကောင် စီ၏ အကြိမ် ၅၀ မြောက်အစည်းအဝေးအား ရွှေ့ ဆိုင်းခဲ့သဖြင့် နိုင်ငံအားလုံး တပြေးညီနှင့်တူညီစွာ ဆက်ဆံရန်မူ၊ လူအခွင့်အရေးကိစ္စများအား ဆွေး နွေးရာတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရမည့်မူနှင့် နိုင်ငံရေးသဘော သက်ရောက်ခြင်းမရှိဘဲ သုံးသပ်ခံနိုင်ငံကို အပြည့်အဝပါဝင်စေလိုသည့် UPR ၏ ရည်ရွယ်ချက်များနှင့်လည်းဆန့်ကျင်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာတွင် “Call to Action” နည်းလမ်းဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို ပေါင်း စည်းရန်ဟုဖော်ပြရာ၌ သက်ဆိုင်ရာနိုင်ငံ၏ သ ဘောတူညီချက်မပါဘဲ ဆောင်ရွက်သည့် တစ် ဖက်သတ်ယန္တရားများအား မြန်မာနိုင်ငံက လက်ခံခြင်းမရှိဘဲပယ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့်မြန်မာနိုင်ငံအရေး အပြန်အလှန် ဆွေး နွေးပွဲအား မတ် ၂၁ ရက်ကပြုလုပ်ရာတွင် CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်း ဖက်မှုများအား မဟာမင်းကြီးမှ အသိအမှတ်ပြု၍ ကိန်းဂဏန်းများအား လျှော့ပေါ့ဖော်ပြခဲ့ပြီး “လက်နက်ကိုင်ခုခံသူအဖွဲ့များ”ဟု အမည်တပ်ကာ အကြမ်းဖက်လုပ်ရပ်များအား လက်ခံနိုင်သည့်အတိုင်းအတာအဖြစ် လမ်းကြောင်း၍ ဆူပူအုံကြွစေရန်လှုံ့ဆော်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေး သားထားသည်။

အကြမ်းဖက်အဖွဲ့များမှ ရဟန်းသံဃာနှင့်သီလ ရှင်များ၊အမျိုးသမီးနှင့်ကလေးဒါဇင်ပေါင်းများစွာနှင့်ပညာရေး၊ကျန်းမာရေးဝန်ထမ်းများအပါအ ဝင် အပြစ်မဲ့အရပ်သား ၂၀၀၀ ကျော်သတ်ဖြတ်မှု၊ ပုလဲ၊လွိုင်ကော်နှင့်ဒီမောဆိုးမြို့နယ် ဖြစ်စဉ်များတွင် လုံခြုံရေးအဖွဲ့ဝင်များအပေါ် စွပ်စွဲမှုများပြု လုပ်ခြင်းသည် သက်ဆိုင်ရာနိုင်ငံ၏အမြင်ကို သင့်တင့်စွာ ထင်ဟပ်ဖော်ပြရန် မဖြစ်မနေလိုအပ်သော်လည်း ဖြစ်စဥ်အမှန်များအား ထုတ်ပြန်ပြီးဖြစ်သည့် အချက်အလက်များကို မဟာမင်းကြီးမှထည့်သွင်းဖော်ပြရန်ပျက်ကွက်ခဲ့သဖြင့် ၎င်း၏ ပညာရှင်ပီသမှုနှင့် သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့အတူ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ၏ မတ် ၂၁ ရက်ကတင်သွင်းသည့် အစီရင်ခံစာ၌ လုပ်ပိုင် ခွင့်အား အလွဲသုံးစားပြု၍ “ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မြန်မာ့တပ်မတော်ထံသို့ လက်နက်ရောင်းဝယ်ဖောက်ကားမှုများ” ခေါင်းစဉ်ဖြင့် စာတမ်း(Conference room paper)ကိုပါ လုပ်ကြံဖန်တီးခဲ့ခြင်းသည် အထူးအစီရင်ခံစာတင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများမှာ မျှတမှုမရှိဘဲ ဘက်လိုက်မှုများရှိကြောင်းတွေ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအား ထိန်းသိမ်းလျက်ရှိပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများနှင့် ဆန့် ကျင်သည့် နိုင်ငံအချို့၏ စွက်ဖက်သော အပြုအ မူများအားရှုတ်ချ၍ ဆုံးဖြတ်ချက် အဆိုတင်သွင်းသည့် နိုင်ငံများ၏ မြန်မာနိုင်ငံအတွက် အ ထောက်အကူမပြုသောဆောင်ရွက်ချက်နှင့်ဆုံး ဖြတ်ချက်တို့တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအား ထိပါးသည့်ယန္တရားများနှင့်ဖော်ပြချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချသည်ဟု ထုတ်ပြန်ချက်၌ရေး သားထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သည့် ပြောကြားချက်များအား အသိအမှတ်ပြုမှတ်သားထားကာ မြန်မာ နိုင်ငံအပေါ် ဆန့်ကျင်သည့် ဆုံးဖြတ်ချက်အဆိုအတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် နိုင်ငံများအ ကျေးဇူးတင်သည်ဟု နစက ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here