မဟာအောင်မြေမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

0
77

မဟာအောင်မြေမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်(၅၈)နှစ်သည် နေအိမ်၌ထိုင်နေစဥ် ဧပြီ ၄ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအုန်းလွင်သည် မဟာမြိုင်(၁)ရပ်ကွက်၊ ၃၈(A)လမ်းနှင့် ၆၆(B)လမ်းထောင့်ရှိ ၎င်း၏နေအိမ်ဧည့်ခန်း၌ထိုင်နေစဥ် ည ၇ နာရီကျော်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအုန်းလွင်အား အမည်မသိအမျိုးသားများက နေအိမ်ပြတင်းပေါက်မှတဆင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကာ နားထင်၌ ကျည်ထိမှန်ဒဏ်ရာများရရှိ၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေနတ်သံ ၃ ချက်လောက်ကြားလို့ထွက်ကြည့်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်ဆိုတာကိုသိတာ”ဟု မဟာမြိုင်(၁)ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်ရာ ကျည်ခွံ ၃ ခုအားသိမ်း ဆည်းရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သွားသူများအားဖမ်းဆီးရမိရေးအတွက် ရပ်ကွက်အတွင်း၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here