မြဝတီ NLD အမတ်ဟောင်း ဦးသန့်ဇင်အောင်မိဘနေအိမ်နဲ့ရွှေဆိုင် ချိတ်ပိတ်ခံရ

0
225

မြဝတီ NLD အမတ်ဟောင်း ဦးသန့်ဇင်အောင်မိဘနေအိမ်နဲ့ရွှေဆိုင် ချိတ်ပိတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ NLD ပါတီအမတ်ဟောင်း ဦးသန့်ဇင်အောင်၏ မိဘနေအိမ်နှင့်ရွှေဆိုင်ကို ဧပြီ ၄ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ချိန်ပိတ်ခံခဲ့ရကြောင်းသိရသည်။

NLD ပါတီ အမတ်ဟောင်း ဦးသန့်ဇင်အောင်အား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၂(က)ဖြင့် မြဝတီမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားရပြီးနောက် နေအိမ်နှင့်ရွှေဆိုင်ကို ချိတ်ပိတ်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ ဦးသန့်ဇင်အောင်က ၎င်းင်း၏လူမှု့ကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာတွင်”ရွှေဆိုင်နဲ့မိဘနေအိမ်ကို ချိတ်ပိတ်သွားတယ်။ ထောင်သွင်းအကျဉ်းချခံနေရသူတွေနဲ့အသက်ကိုပါ ပေးဆပ်လိုက်ရသူတွေထက်စာရင် ကျွန်တော် ကံကောင်းနေသေးတယ်”ဟု ရေးသားထားသည်ကိုတွေ့ရသည်။

ဦးသန့်ဇင်အောင်သည် ပြီးခဲ့သော၂၀၁၅ – ၂၀၂၀ NLDပါတီအစိုးရသက်တမ်းအတွင်း ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် တိမ်းရှောင်နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here