ကုမ္ပဏီ(၃၀)က ပြည်ပနိုင်ငံများသို့ မတ်လအတွင်း ဆန်တန်ချိန်(၁)သိန်းကျော် တင်ပို့ခဲ့

0
83

ကုမ္ပဏီ(၃၀)က ပြည်ပနိုင်ငံများသို့ မတ်လအတွင်း ဆန်တန်ချိန်(၁)သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် မတ်လအတွင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီများက စပိန်နိုင်ငံသို့ ဆန်တန်ချိန်(၂၈၈၅၀)၊ဘူလ်ဂေးရီးယားနိုင်ငံသို့ဆန်တန်ချိန် (၁၇၅၀၀)၊အီတလီနိုင်ငံသို့ ဆန်တန်ချိန်(၁၇၃၁၀၀)၊တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်(၁၆၃၅၀) စသည်ဖြင့် အသီးသီးတင်ပို့ခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်စာရင်းများအရသိရသည်။

မတ်လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့ခဲ့ရသည့် ထိပ်တန်းရောက်နိုင်ငံစာရင်းများနှင့် ပါတ်သတ်ပြီး ထုတ်ပြန်ရာတွင်လည်း ဆန်နှင့်ပတ်သတ်၍ စပိန်၊ဘူလ်ဂေးရီးယား၊အီတလီ၊တရုတ်၊ဖိလစ်ပိုင် ဆန်ကွဲနှင့်ပတ်သတ်၍ တရုတ်၊ဘယ်ဂျီယံ၊စပိန်၊ဘူလ်ဂေးရီးယား၊အင်ဒိုနီးရှားဟူ၍လည်း အသင်းချုပ်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီ ၃၇ခုက တန်ချိန်(၂၁၄၃၃၅)အား ပြည်ပသို့ တင်ပို့ထားနိုင်ခဲ့သည်။

ဆန်တန်ချိန် ၁သိန်းကျော်၊ဆန်ကွဲတန်ချိန်၁သိန်းကျော်ဖြင့် ရေကြောင်းလမ်း၊နယ်စပ်ဂိတ်များမှ တဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တင်ပို့ခဲ့ရာတွင် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံသို့ အများဆုံးဖြစ်သည်ဟု သိရသည်။

၎င်းတို့နောက်မှ နယ်သာလန်၊ဂီနီ၊အင်ဒိုနီးရှား၊စင်ကာပူ၊ပိုလန်စသည်တို့က လိုက်သည်ဟု သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here