ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကားတိမ်းမှောက် ဒဏ် ရာရသူများပြား

0
127

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကားတိမ်းမှောက် ဒဏ် ရာရသူများပြား

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ဖုပ်ဖရမြို့နယ်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ဟိုင်းလပ်ကားတစ်စီး ဧပြီ ၅ ရက်(ယနေ့)နံနက်ပိုင်းကတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ကားပေါ်တွင် တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးလိုက်ပါလာကာ ထိုင်းနိုင်သားတစ်ဦးမှမောင်းနှင်လာခြင်းဖြစ်ပြီး ဆမ်ယွက်ဒွိုင်ကျေးရွာနှင့်ဟွေ့နုတ်လဲကျေးရွာကြားလမ်းပေါ် ရှိ လမ်းကွေ့တစ်ခုအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်မှုဖြစ်စဥ်တွင် ကားပေါ်၌လိုက်ပါလာသည့် တရားမဝင်မြန်မာနိုင်ငံသား အများစုမှာထိ ခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက လူနာတင်ကားများဖြင့်ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အားသွားရောက်ကူညီစဥ်က ထိခိုက်ဒဏ် ရာရသူများသည် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများဖြစ်သည်ကို သိရှိခဲ့ရခြင်းမရှိဘဲ နေရပ်လိပ်စာနှင့်ဖြစ်စဥ်အားမေးမြန်းရာမှ တ ရားမဝင်မြန်မာနိုင်ငံသားများဖြစ်သည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသားများအား အရေးပေါ်ကျန်း မာရေးပြုစုစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဖုပ်ဖရဆေးရုံသို့ ဆေးကုသရန်ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here