ပုဂံရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီး

0
181

ပုဂံရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီး

ပုဂံရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနားကို ဧပြီ၄ရက်နေ့က ကျင်းပခဲ့သည်။

၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ်အတွင်း ပုဂံသို့ လာရောက်ခဲ့စဉ် မြန်မာကျပ်ငွေငါးထောင် လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံက ထိုမတည်အလှူတော်ငွေနှင့် အများပြည်သူတို့ စုပေါင်းလှူဒါန်းငွေဖြင့် ပြည်သူများ နားနေနိုင်ရန် ဆောက်လုပ်ခဲ့သည့် တန်ဆောင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါတန်ဆောင်းပြင်ဆင်မှုကို သုံးလကြာဆောင်ရွက်ခဲ့သည်ဟု သံရုံးဘက်ကသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဝန်ကြီးချုပ်ချူအင်လိုင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို ဆောင်ကြဉ်းပေးသူ ဖြစ်ကြောင်း၊ ဤတန်ဆောင်းကို ကောင်းမွန်စွာ ထိန်းသိမ်းစီမံခန့်ခွဲခြင်းသည် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ ဘုံဆန္ဒဖြစ်ရုံသာမက ဘုံတာဝန်နှင့် သမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုအောက်တွင် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားသော တန်ဆောင်းက ဒေသခံပြည်သူများအား ဝန်ဆောင်မှုပေးရန်နှင့် ​ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းရန်အတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးမှုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် Mr. Zhang Wei ၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ နာယက ဒေါ်နီနီ စသဖြင့် တက်ရောက်ကြပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here