မော်လိုက်မြို့ရှိ သစ်တောရုံး၌ ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့

0
77

မော်လိုက်မြို့ရှိ သစ်တောရုံး၌ ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့

စစ်ကိုင်းတိုင်း၊မော်လိုက်မြို့၊မြို့မ(၂)ရပ်ကွက်၊အောင်မင်္ဂလာရပ်ရှိ သစ်တောရုံးတွင် ဧပြီ ၅ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေး သည့် လက်လုပ်မိုင်းတစ်လုံးအားရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

သစ်တောရုံးဝင်းအတွင်းရှိ ရုံးအဆောက်အဦး၌ နံနက် ၆ နာရီကျော်ခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့အချိန်က ရုံးမဖွင့်သေးတဲ့အချိန်ဖြစ်တာရယ် သစ်တောရုံးဆိုတာကလည်း တခြားဌာနဆိုင်ရာရုံးတွေကို လူတွေအမြဲ ဝင်/ထွက်နေတဲ့ရုံးမဟုတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာမရှိခဲ့တာပါ ဘာ့ကြောင့်သစ်တောရုံးမှာ ဗုံးပေါက်တယ်ဆိုတာတော့ကျွန်တော်တို့လည်း မသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် သစ်တောရုံးအဆောက်အဦး၏ ခေါင်မိုး၊ခုံတန်းလျားနှင့် ပြတင်းတံခါးမှန်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သစ်တောရုံးအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးမှုများပြုလုပ်စဥ် ပေါက်ကွဲခြင်းမရှိသေးသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိခဲ့ရသဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here