သီရိလင်္ကာ၏အစိုးရအဖွဲ့အတွင်း အ​ပြောင်းအလဲ

0
102

သီရိလင်္ကာ၏အစိုးရအဖွဲ့အတွင်း အ​ပြောင်းအလဲ

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် ပါလီမန်တွင် အင်အား​ချိနဲ့လာ​နေပြီးသမ္မတနုတ်ထွက်ပေးရန် တောင်းဆိုမှုများပင်ရှိလာ​နေသည်။

အရေးပေါ်အခြေအနေကြေညာပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် ပါလီမန်အစည်း​ဝေးပြီး​နောက်​နေ့တွင် ဘဏ္ဍာရေးဝန်ကြီးက ရာထူးမှနုတ်ထွက်ခဲ့သည်။

ဝတ္တရားများပျက်ကွက်​သောဗဟိုဘဏ် အရာရှိချုပ်​ဟောင်းလည်း တနင်္လာ​နေ့ကနုတ်ထွက်​ပေးလိုက်ရပြီဖြစ်သည်။သီရိလင်္ကာ၏ ငွေကြေးဆိုင်ရာ အခွင့်အာဏာကို စီမံရန် ဗဟိုဘဏ်အုပ်ချုပ်ရေးအရာရှိ အသစ် P. Nandalal Weerasinghe အား အစားထိုး ခန့်အပ်လိုက်ပြီး ၄င်းသည် ဧပြီ ၇ ရက်တွင် စတင် တာဝန်ထမ်း​ဆောင်မည်ဟုခန့်မှန်းရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here