ကိုဗစ်ကာလမှာ ကျေးလက်ခရီးသွားလုပ်ငန်းတွင်ကျယ်လာ
တရုတ်နိုင်ငံ၏ အိမ်အငှားနှင့် တည်းခိုခန်းဝန်ဆောင်မှုလုပ်ငန်းသည် ကိုဗစ် ကြောင့် အခက်ကြုံနေရသော်လည်း အနီးအနားခရီးတိုအလည်ထွက်ကြခြင်းကြောင့် ကျေးလက်ရှိသန့်ရှင်းသပ်ယပ်သော အိမ်များနှင့်တည်းခိုခန်းလေးများသည် တရုတ်ခရီးသွားများကြား ရေပန်းစားလာပါသည်။
“တရုတ်ခရီးသွားများသည် ခရီးတိုခရီးစဉ်လေးများကို ကြိုက်ကြပြီး ကပ်ရောဂါဖြစ်ပွားကတည်းက တည်းခိုမည့်နေရာ ဘေးကင်း သန့်ရှင်းမှုကို အလေးထားလာခဲ့တယ်” ဟု Tujia ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ Hu Yang က ပြောကြားခဲ့သည်။ .
Tujia တွင်စာရင်းသွင်းထားသောအွန်လိုင်းအိမ်ယာယူနစ်ပေါင်း ၂ သန်းကျော်ရှိပြီးကျေးလက်အိမ်များသည်မျှဝေနေထိုင်ဖို့အဌားရဆုံးဟုသူကပြောသည်။
Tujia အိမ်ဌားအကျိုးဆောင်တွင် ကျေးလက်နေ အိမ်များအတွက်ကြိုတင်ဘွတ်ကင်လုပ်ခြင်းသည် ကပ်ရောဂါမဖြစ်ခင်ကထက် နှစ်စဉ် ၃၀ ရာခိုင်နှုန်း တိုးလာကာ ကျေးလက်ဒေသ အိမ်ရှင်များ အတွက် ယွမ် ၂ ဘီလီယံ (ဒေါ်လာ ၃၁၄.၆ သန်း) ကျော် ရရှိခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် ပြည်နယ်ဖြတ်ကျော်သွားလာမှုများကို ကန့်သတ်ထားသဖြင့်အနီးနား ခရီးတိုများကို နှစ်သက်သဘောကျလာကြကြောင်း ပြောကြားခဲ့သည်။ ကျေးလက် နေအိမ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းအထောက်ကူပြုသည်။
ဌားရမ်းမူစရိတ်များလည်းဤကာလအတွင်း တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်းခန့်သက်သာလာသည်။
ခရီးသွားများသည် မြို့ကြီးများ၏ ရှုပ်ထွေးမွန်းကျပ်မှုများမှ လွတ်ကင်းသော သဘာဝကို ထွေးပွေ့ကာ ကျေးလက်နေအိမ်များတွင် တည်းခိုသည့်အခါ တောဓလေ့အစားစာနှင့် ရိုးစာယဥ်ကျေးမူဖျော်ဖြေရေးများကို ပိုမိုနှစ်သက်ကြောင်း Hu က ပြောသည်။
စျေးကွက်အားစောင့်ကြည့်နေသည့် iResearch မှ “ပုံမှန်အားဖြင့် ဖောက်သည်မိတ်ဆုံပွဲများ၊ ပြန်လည်ဆုံဆည်းမှုများ၊ အဖွဲ့လိုက်ခရီးသွားများနှင့် မိသားစုအပျော်ခရီးထွက်လိုသူများက ထိုကျေးလက်အိမ်အဌားများကို ကြိုက်ကြသည် ” ဟု Lai က ဆိုသည်။
Ref:ChinaDaily
Telegram တွင်ဖတ်ရန် >> https://t.me/popularjournal