ကလေးဝမြို့နယ်ရှိ မုံရွာ-ယာကြီး-ကလေးဝကားလမ်းတွင် မိုင်း ၂ လုံးပေါက်ကွဲ၍ ကိုယ်ပိုင်ကားတစ်စီးပေါ်ပါ ၆ ဦးသေဆုံးခဲ့

0
127

ကလေးဝမြို့နယ်ရှိ မုံရွာ-ယာကြီး-ကလေးဝကားလမ်းတွင် မိုင်း ၂ လုံးပေါက်ကွဲ၍ ကိုယ်ပိုင်ကားတစ်စီးပေါ်ပါ ၆ ဦးသေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်ရှိ မုံရွာ-ယာကြီး- ကလေးဝသွားကားလမ်းတွင် ဧပြီ ၅ ရက်(ယနေ့) နေ့လည်ပိုင်းက ထောင်ထားသည့်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဖြတ်သန်းသွားသည့် ကိုယ်ပိုင်ကားပျက်စီးကာ ကားပေါ်ပါသူများအ နက် ၆ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

မိုင်းပေါက်ကွဲချိန်တွင် နေ့လည် ၁ နာရီခန့်က ဖြတ် သန်းသွားစဥ်ပျက်စီးခဲ့သည့်ကားမှာ Honda Fit အမျိုးအစားဖြစ်ပြီး ကားပေါ်တွင် ၇ ဦးစီးနင်းလိုက်ပါလာကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင်လိုက်ပါလာသူများမှာ မင်းကင်းမြို့နယ်၊အထက်စသာကျေးရွာနေသူများဖြစ်ကာ ကလေးမြို့သို့စျေးဝယ်ထွက်လာစဥ်ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ ၇ ဦးအနက် ၆ ဦးမှာမိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုး သမီးတစ်ဦးမှာပျောက်ဆုံးလျက်ရှိဟု ကူညီကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

“လမ်းမှာထောင်ထားတဲ့မိုင်း ၂ လုံးပေါက်တာ ကားလည်းတော်တော်ပျက်စီးသွားတယ် အမျိုး သမီးတစ်ယောက်ကတော့ပျောက်နေလို့ ရှာဖွေ ရေးလုပ်ငန်းတွေလုပ်နေပါတယ် ပျောက်ဆုံးနေတဲ့အမျိုးသမီးနာမည်က ဒေါ်မိုးစန္ဒာမြင့် ပါဖြစ်စဥ်နေရာက စခန်းကြီးရွာနားမှာဖြစ်သွားတာ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင်သေဆုံးသွားသူများ၏ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းဝင်များက လူနာ တင်ကားများဖြင့် ဆေးရုံသို့ကနဦးပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here