ပဲခူး ဘုရားကြီးမြို့မှာ ကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့

0
99

ပဲခူး ဘုရားကြီးမြို့မှာ ကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေက ဧပြီ ၄ ရက်ညပိုင်းက ပဲခူးမြို့နယ်၊ဘုရားကြီးမြို့မှာရှိတဲ့ ပဲခူး-မော်လမြိုင်သွားကားလမ်းရဲ့ ရွှေသံလွင်စစ်ဆေးရေးစခန်းနားမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ရွှေသံလွင်စစ်ဆေးရေးစခန်းနားမှာ ဘုရာကြီးမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မျိုးမြင့်မောင်းပြီး စိုင်းသန်းထွဋ်နဲ့မျိုးဇော်အောင် တို့လိုက်ပါလာတဲ့ NISSAN MURANO ကားကို ည ၆ နာရီခန့်ကသတင်းအရတားဆီးစစ်ဆေးရာမှာ ဖမ်းဆီးရမိခဲ့တာပါ။

ကားပေါ်ကနေ ကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၄ ဒသမ ၉ သိန်းကျော်ကိုဖမ်းမိခဲ့ပါတယ်။

အဲဒီ စိတ်ကြွဆေးပြားတွေကိုတော့ မန္တလေးတိုင်းကနေသယ်လာတာဖြစ်ပြီး ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ်ကိုပို့ဆောင်မှာဖြစ်တယ်လို့ စစ်ဆေးသိရှိခဲ့ရပါတယ်။

ဒါ့ကြောင့် စိတ်ကြွဆေးပြားတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ ၃ ယောက်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိဖို့အတွက် စစ်ဆေးနေပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here