၂၀၂၀တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသည့် ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရသူစာရင်း မကြာမီထုတ်ပြန်ပေးမည်

0
145

၂၀၂၀တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသည့် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသူစာရင်း မကြာမီထုတ်ပြန်ပေးမည်

ဆေးတက္ကသိုလ်များ နှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်ရန်ကျန်ရှိနေသော ဘွဲ့ကြိုသင်တန်းများအားလုံး ကို ၂၀၂၂ ခုနှစ်၊ ဧပြီနှင့် မေလများတွင် ဖွင့်လှစ်မည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

နေပြည်တော်တွင် ဧပြီလ၅ရက်နေ့က ပြုလုပ်သော ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) အတွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ခွင့်ရစာရင်း မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း အသိပေးစကားပြောကြားခဲ့သည်။

ယခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ သို့ ဝင်ခွင့်ရွေးချယ်ရာတွင် ဆရာဝန်စိတ်ဓာတ် အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနှင့် ပြည့်စုံသည့် ဆေးပညာရှင်နှင့် သွားဘက်ဆိုင်ရာဆေးပညာရှင်များကို မွေးထုတ်နိုင်ရန် ရည်ရွယ်၍ (၆) ဘာသာ ပေါင်းရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်သွားမည်ရန်လည်းရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here