၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံ၍ (၁)နှစ် ရပ်နားမည်

0
190

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံ၍ (၁)နှစ် ရပ်နားမည်

နိုင်ငံပိုင်သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး ဦးတည်ချက်ဖြင့် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံ၍ (၁)နှစ် ရပ်နား လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမြန်မာ့သစ်လုပ်ငန်းက ဧပြီ၅ရက်တွင် ကြေညာသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆) လ ဘဏ္ဍာနှစ်ကာလတွင်လည်း သစ်ထုတ်လုပ်မှုရပ်နားခဲ့ပြီး ယခုဆက်၍ ရပ်နားခြင်းဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သစ်တောများ ပြန်လည်တည်ထောင်ခြင်း အစီအစဉ်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ၁၀ နှစ် စီမံကိန်းရေးဆွဲပြီး သစ်ထုတ်လုပ်မှုကို နှစ်စဉ်ထုတ်လုပ်နိုင်မည့်ပမာဏ (Annual Allowable Cut-AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ရန် လျာထားဆောင်ရွက်ခဲ့သည့်ဆောင်ရွက်ချက်များရှိခဲ့သည်။

မြန်မာ့သစ်လုပ်ငန်းသည် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်းထားကာ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် ပြည်ပဝင်ငွေပိုမို ရရှိစေရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့်အတူ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် မျှော်မှန်းထားသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here