ပုသိမ်ကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ မြို့နယ်ECတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
67

ပုသိမ်ကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ မြို့နယ်ECတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ကောင်းမွန်ကျေးရွာ အုပ်စု၊ကောင်းမွန်ကျေးရွာတွင် ဧပြီလ၅ရက်နံနက် ၁၁နာရီက ကြံ့ခိုင်ရေးပါတီ၏ မြို့နယ်Ecတစ်ဦးသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“ဆုံးသွားတဲ့သူနာမည်က ဦးကျော်ခိုင်ပါ။ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပါတီတွင်းရွေးကောက်လုပ်ပြီး မြို့နယ်Ecဖြစ်လာတဲ့သူပါ။မနေ့က သူ့ရွာမှာပဲ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာပါ။သူရဲ့သားကိုလည်း သေနတ်နဲ့ ပစ်ခံလိုက်ရပါတယ်။ လုပ်ကြံ့သတ်ဖြတ်ခံရတဲ့ မြို့နယ်EC ဦးကျော်ခိုင်အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်´´ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ကောင်းမွန်ကျေးရွာအုပ်စု၊ ကောင်းမွန်ကျေးရွာတွင် ဧပြီလ၅ရက်နံနက် ၁၁နာရီက ဦးကျော်ခိုင်၊ (၅၀ နှစ်) သည် နေအိမ်ခြံဝန်းတွင်း ရေချိုးနေစဉ် အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ချိန်ရွယ်စဉ်ဦးကျော်ခိုင်သည် နေအိမ်တွင်းသို့ ထွက်ပြေးခဲ့သော်လည်း အိမ်၏အုတ်နံရံဘေးအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဦးကျော်ခိုင်တွင် ညာဘက်မျက်ခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ဘက်နို့အုံအောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သေဆုံးခဲ့ကာ အခင်းဖြစ်ပွားရ နေရာအနီးရှိ ၎င်း၏သားဖြစ်သူ ကျော်မိုးခိုင် တွင်လည်း နဖူးဒဏ်ရာ၁ချက်(စိုးရိမ်ရ)ရရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း သေဆုံးခဲ့ရသည့် ကြံ့ခိုင်ရေးပါတီဝင်များ၊ပါတီဝင်များ၏ မိသားစုဝင်များနှင့်ပါတီဝန်းရံ အားပေးထောက်ခံသူများ အရေအတွက်မှာ (၁၃၀၀)ဦးကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here