တရုတ်နိုင်ငံမှ ပြည်တော်ပြန်ဝင်သည့် မြန်မာနိုင်ငံသားများ ၂၀ ဦးကို ပြည်ဝင်ခွင့်ပေး

0
119

တရုတ်နိုင်ငံမှ ပြည်တော်ပြန်ဝင်သည့် မြန်မာနိုင်ငံသားများ ၂၀ ဦးကို ပြည်ဝင်ခွင့်ပေး

တရုတ်နိုင်ငံမှတဆင့် ရခိုင်ပြည်နယ်သို့ ယမန်နေ့ ဧပြီ ၅ရက်က ပြည်တော်ပြန်ဝင်လာသည့် မြန်မာလုပ်သား ၂၀ ဦးကို ပြည်ဝင်ခွင့် ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဧပြီ ၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နောက် မူဆယ်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ ခရီးသည်တင်မော်တော်ယာဉ်တစ် စီးဖြင့် ပြန်လည်ဝင်ရောက်လာသော ရခိုင်လူမျိုး ကျား ၁၀ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၂၀ ဦး ကိုဝင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် အမ်းမြို့၊ ပဲပဒုံပူးပေါင်း စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိလာခဲ့ရာ ပူးပေါင်းအဖွဲ့ဝင်များမှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ အမ်းမြို့နယ် လဝကအဖွဲ့မှ မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေးမှုခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် နေ့လည်ပိုင်းတွင် စစ်ဆေးမှုများပြီးစီးသောကြောင့် မော်တော် ယာဉ်ဖြင့် အမ်းမြို့မှတဆင့် ၎င်းတို့နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here