သကြ်န်ကာလအတွင်းနယ်စပ်ဒေသပို့ကုန်သွင်းကုန်လုပ်ငန်းများပိတ်ရက်မရှိ ဆောင်ရွက်သွားမည်

0
204

သကြ်န်ကာလအတွင်းနယ်စပ်ဒေသပို့ကုန်သွင်းကုန်လုပ်ငန်းများပိတ်ရက်မရှိ ဆောင်ရွက်သွားမည်

သကြ်န်ကာလအတွင်း နယ်စပ်ဒေသများရှိပို့ကုန်သွင်းကုန်လုပ်ငန်းများကုန်စည်စီးဆင်းမှု မြန်ဆန်မှုရှိစေရန်ရည်ရွယ်၍ ပိတ်ရက်မရှိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသများရှိ OSS(One Stop Service)စခန်းများ၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများက အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဥ်များကို ပိတ်ရက်မရှိဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများထြစ်ကြသည့် မြဝတီ(OSS)စခန်း၊ မူဆယ် (OSS)စခန်း၊ ချင်းရွှေဟော်(OSS)စခန်းများမှတဆင့် MACCS စနစ်ဖြင့် ပို့ကုန်သွင်းကုန်ဆောင်ရွက်မည့် ကုမ္ပဏီများသည် အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်အခွန်များပေးဆောင်ရန်Deposit (အာမခံငွေ) လုံလုံလောက်လောက်ထည့်သွင်းထားရန်နှင့် ကျန်Manual စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် စခန်းများအနေဖြင့် ပုံမှန်လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသွားရာ အာရှလမ်းမကြီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကုန်သည်များအနေဖြင့် စိုးရိမ်မှုများရှိနေကြသည်။

“ကုန်သည်အများစုကရန်ကုန်နဲ့ခရီးသိပ်မဝေးတဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းကို ရွေးပြီးသွားနေကြတာ။ ကားတွေမီးရှို့ဖျက်ဆီးခံနေရတာရှိတော့ စိုးရိမ်မိတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပေးနိုင်ရင် တော့ ပိုကောင်းမယ် အဓိက ကတော့လုံခြုံ​ရေးအပိုင်းပေါ့။”ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် သွင်းကုန်လုပ်ငန်းဆောင်ရွက်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here