ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု ရွေး ကောက်ပွဲဆိုင်ရာဥပဒေဖြင့် ထောင်ဒဏ် ၄ လချ မှတ်ခံရ

0
87

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု ရွေး ကောက်ပွဲဆိုင်ရာဥပဒေဖြင့် ထောင်ဒဏ် ၄ လချ မှတ်ခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့အား တရားစွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ဧပြီ ၆ ရက်(ယနေ့)တွင် စစ်တွေအကျဥ်းထောင်တွင်းအထူးတရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ဦးညီပုနှင့်ဦးမင်းအောင်တို့အား ရွေးကောက်ပွဲဆိုင်ရာမလျှော်သြဇာသုံးမှုဖြင့် ထောင်ဒဏ် ၄ လ(သို့)ငွေဒဏ် ၅၀၀၀၀ ကျပ်ပေးဆောင်ရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“NLD ပါတီဝင်တစ်ယောက်က ငွေဒဏ် ၅၀၀၀၀ ပေးဆောင်လိုက်တဲ့အတွက် အမှုကတော့ပြီးသွားပါပြီ ထောင်ဒဏ်ကျခံစရာမလိုတော့ဘူးပေါ့ တစ်ယောက်ကို ၅၀၀၀၀ စီငွေဒဏ်ပေးဆောင်ခဲ့တာပါ”ဟုရှေ့နေတစ်ဦးကပြောသည်။

ငွေဒဏ်ပေးဆောင်ရာတွင် အပြီးသတ်အမိန့်ချမှတ်ပြီးနောက် NLD ပါတီဝင်တစ်ဦးမှ စစ်တွေမြို့နယ်တရားရုံးသို့ သွားရောက်ပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုအတွက် ဦးညီပုအား ရွေးကောက်ပွဲဆိုင်ရာမလျှော်သြဇာသုံးစွဲမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် တရားစွဲဆိုထားကာ ဦးမင်းအောင်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)အပြင် အားပေးကူညီမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့်ထပ်တိုးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် ဦးညီပုနှင့်ဦးမင်းအောင်တို့အား ရခိုင်ပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်မှ ဒု တိယညွှန်ကြားရေးမှူးတစ်ဦးက တရားလိုပြုလုပ် ၍ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၈ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဦးညီပုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၉ နှစ်၊နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်(စုစုပေါင်း ၁၁ နှစ်)ချမှတ်ခံထားရကာ ဦးမင်းအောင်မှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here