တောင်ဥက္ကလာ KBZ ဘဏ်ခွဲ၌ သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်ခံရမှုဖြစ် ပွား

0
119

တောင်ဥက္ကလာ KBZ ဘဏ်ခွဲ၌ သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်ခံရမှုဖြစ် ပွား

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊သံသုမာလမ်းမကြီးပေါ်ရှိ KBZ ဘဏ်ခွဲတွင် ဧပြီ ၆ ရက်(ယနေ့)နေ့လည်ပိုင်းက အမည်မသိအမျိုးသားများက သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

KBZ ဘဏ်ခွဲအတွင်းသို့ မီးပျက်နေချိန်တွင် အ မည်မသိအမျိုးသား ၉ ဦးခန့်ဝင်ရောက်လာကာ ဘဏ်လုံခြုံရေးဝန်ထမ်းအား ကျင်စက်ဖြင့်တို့၍ သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရသလောက်ကတော့ ဘဏ်ဝန်ထမ်းတွေကို သူတို့ထဲက ၂ ယောက်က သေနတ်ပြခြိမ်းခြောက်ပြီး ဘဏ်ကောင်တာပေါ်တင်ထားတဲ့ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးသွားကြတာလို့သိရတယ် ဘဏ်ဝန်ထမ်းတွေကချက်ခြင်း တောင်ဥက္ကလာပမြို့မရဲစခန်းကိုအကြောင်းကြားခဲ့ကြတာကြောင့် စစ်ဆေးမှုတွေလုပ်နေပါတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်အား စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ဘဏ်အတွင်းရှိ CCTV မှတ်တမ်းများကိုလည်း စစ်ဆေးကြည့်ရှုလျက်ရှိကြောင်း သိရသည်။

“အခုဖြစ်သွားတဲ့ဘဏ်က KBZ ဘဏ်ခွဲအမှတ် ၂၀ မှာဖြစ်သွားတာပါ ဘဏ်လုံခြုံရေးဝန်ထမ်းကိုကျင်စက်နဲ့ထိုးလိုက်တာဖြစ်တဲ့အတွက် ဘာမှပြန်တုံ့ပြန်ဖို့အချိန်မရတော့ဖြစ်မယ် အခုတော့ စစ်သားတွေကော ရဲတွေကောပဲ ဘဏ်ရှေ့မှာဘဏ်ထဲမှာစစ်ဆေးနေကြတယ် ဘယ်လောက်ပါသွားတယ်ဆိုတာတော့မသိဘူး”ဟုဘဏ်အနီးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here