ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေး

0
146

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတ်ယဗိုလ်ချုပ်ကြီးရာပြည့်နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဧပြီ ၆ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်း ဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့်နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့မှအဆိုပြုသည့် ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပ ဒေမှပြင်ဆင်လိုသည့် အချက်များအား အလွတ် သဘောဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ပြည် ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မ တီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ကော်မ တီဝင်များ၊နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အ လုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ဆွေး နွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here