တီးတိန်မြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

0
321

တီးတိန်မြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၏ မြို့နယ်အုပ် ချုပ်ရေးမှူးဦးကြည်မင်းထွန်းသည် ဧပြီ ၆ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသ ခံများထံမှသိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်မင်းထွန်းအား တီးတိန်မြို့လယ်စျေးအနီး၌ အမည်မသိလက် နက်ကိုင်များက ည ၆ နာရီကျော်ခန့်၌ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်သံတွေကြားပေမယ့် ထွက်မကြည့်ရဲဘူး မနက်ကမှသိရတာ မြို့နယ်အုပ်ချုပ်ရေးမှူးသေ နတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာကို သိရသလောက်ကတော့ပစ်ခံရတဲ့နေရာမှာပဲသေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် မြို့နယ်အုပ် ချုပ်ရေးမှူးဦးကြည်မင်းထွန်း၏ ဦးခေါင်း၌ကျည်ထိမှတ်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here