အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခု ရခိုင်ပြည်နယ် ဘဂ်လားပင်လယ်အော်အတွင်း ကျရောက်

0
153

အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခု ရခိုင်ပြည်နယ် ဘဂ်လားပင်လယ်အော်အတွင်း ကျရောက်

အာကာသအတွင်းမှ Spaceflight အစိတ်အပိုင်းတစ်ခုဟာ ယနေ့ ဧပြီ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘဂ်လားပင်လယ်အော်အတွင်းသို့ ကျရောက်ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်ကြေညာသည်။

အဆိုပါ Spaceflight အစိတ်အပိုင်းတစ်ခုသည် ယနေ့ နံနက်ပိုင်း ၆ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၄၅ မိနစ် ကြားအချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း သံတွဲမြို့၊ နံသာကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၂၇မိုင်ခန့်အကွာတွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါကျရောက်မှုကြောင့် လူနှင့် အရာဝတ္ထုများ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအစိတ်အပိုင်းသည် မည်သည့်နိုင်ငံမှ လွတ်တင်လိုက်သည် ဂြိုလ်တု၏ Spaceflight ဖြစ်သည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သောရက်ပိုင်းက ပြည်နယ်အစိုးရအနေဖြင့် ယင်းသို့ကျရောက်နိုင်မှုရှိကြောင်း သတိပေးထုတ်ပြန်ထားပြီး၊ ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တာရာယ် ကင်းရှင်စေရန်အတွက် အဆိုပါ ဧရိယာအတွဆင်း ဖြတ်သန်းသွားလာရာ၌ အထူးသတိပြု သွားလာနိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here